စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၁၃ရက် မနေ့က မနက်အစောပိုင်းမှာ မဒေါင်ရွာထဲ အင်အား ၇၀ လောက်နဲ့ တပ်စွဲနေတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး အချိန် ၅ နာရီကျော်အကြာမှာပဲ ပြန်ပြီးသိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အယောက် ၂၀ နီးပါးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေကို ပြန်လည်ဆွဲထုတ်ရင်း လွှတ်တိုက်ရွာအရှေ့ဘက်ကို ဆုတ်ခွါသွားကြတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် MA1 ၁ လက်၊ 5.56ကျည် ၄၆၀တောင့်၊ကျည်ဘောက်၅ ဘောက်၊ နင်းမိုင်းအကြီး=၁ လုံး၊အသေး၆ လုံး၊ ဦးထုပ်၂ လုံး နဲ့ icon =၁ လုံးတို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
” အစတည်းက မဒေါင်ရွာက ပြည်သူတွေပဲနေတာလေ။ ဒါကို အကြမ်းဖက်စစ်တပ်က မဒေါင်ရွာနဲ့ အဲ့နားကရွာတွေထဲ ဝင်အထိုင်ချထားတော့ ပြည်သူတွေရှောင်နေကြရတာပေါ့။ သူတို့ကရွာတွေထဲဝင်တပ်စွဲပြီးရွာစဥ်လှည့်မီးရှို့၊ တန်ဖိုးရှိတာတွေယူနေတာပါ။ ဒါကိုတော်လှန်ရေးတပ်တွေက ပြန်တိုက်ယူနိုင်ခဲ့တာပါ။” လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်​က မောင်းသတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေ တိုက်ယူနိုင်ခဲ့တဲ့ မဒေါင်ကျေးရွာကို စစ်အုပ်စုတွေက ပြီးခဲ့တဲ့ နှစ် ၂၀၂၃ ခုနှစ်အပါဝင် အခုနှစ်ထဲအထိ ၃ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစလို့ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို အင်အား ၂၀၀ နီးပါးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေဟာ ကုက္ကိုကုန်းရွာတိုက်နယ်ဆေးရုံနဲ့ အနီးအနား မြဘုံသာ၊ မဒေါင်ရွာတွေ အထိုင်ချတပ်စွဲခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက် ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲ နဲ့ မဒေါင်ရွာတို့ကို ၇ ကြိမ်နီးပါး မီးဝင်ရှို့ကာ အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူရင်း စပါးခင်းတွေကိုလည်း ရိတ်သိမ်းနေကြောင်း သိရပါတယ်။
ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကတော့ စစ်အုပ်စုမီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာတွေထဲက ပျက်ဆီးဆုံးရှုံးမှုကို အခုထိအတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
ဒါ့အပြင် ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေဆီ စစ်အုပ်စုရဲ့ ဒရုန်း ဗုံးသီးချတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုကြောင့် မဒေါင်၊ လွှတ်တိုက် စတဲ့ကျေးရွာတွေက အရပ်သား၂သောင်းကျော်နီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ဆေးဝါး၊အနွေးထည်၊စောင် နဲ့ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေတယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
0 Shares:
You May Also Like
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

ကျားဖြန့် အဆောက်အအုံများ နေ့စဥ် ဖြိုခွဲပြနေကြောင်း စစ်ကော်မရှင် ဆက်တိုက်ထုတ်ပြန်နေ၊ KK Park အဆောက်အဦး ၆၀၀ ကျော်အနက် ၂၀၀ ကျော် ဖျက်ဆီးပြီးပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။