မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမိနစ် ၃၀ ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိခဲ့တယ် လို့ သိရပါတယ်။

ဒါ့အပြင် လယ်သစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို လည်း ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force၊ MYINGYAN 35၊ 8 STARSနဲ့ ပြည်ချစ် သားပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်တောင်ကျေးရွာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေကြောင်းအတွင်း ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်နေတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှတ်တမ်းရုပ်သံဖိုင် T5 Wings ထုတ်ပြန်

ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်ပေးနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ မှတ်တမ်းရုပ်သံဖိုင်တစ်ခုကို T5 Wings မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲဖို့ ကူညီနေတဲ့ ယာဉ်လိုင်းများ အား ပြည်သူတွေရဲ့ တိုင်ကြားချက်အရ စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ အကြမ်းဖက်စစ်ကောင်စီအလိုကျ ကူညီနေတဲ့ ယာဉ်လိုင်းများအား ပြည်သူတွေရဲ့ တိုင်းကြားချက်အရ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TAMAR MYAY Special Column မှ ထုတ်ပြန်ထားပါတယ်။
Read More

ကပစ -၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ-၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဒေါင်းစစ်အောင်(LPDF)ထံက သိရပါတယ်။