မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ဟာ မြင်းခြံမြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒီဇင်ဘာ ၁၃ ရက်က ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းဟာ လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိ ရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force၊ 8 Stars၊ LACRနဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က ဆောက်လုပ်ရေးဝန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုအတွင်း ကလေးစစ်သား ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။