ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့မှာ ချင်းညီနောင်မှ (Operation CB) ချင်းညီနောင်စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိပြီး လုံခြုံရေးနဲ့ စစ်ရေးအရ ဖလမ်းမြို့ကို စစ်ဆင်ရေးတိုက်ပွဲဝင်နေသူများမှအပ မည်သူမဆို မြို့အတွင်းကို ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။
အရေးပေါ်ကိစ္စရပ်အခြေအနေတွေအတွက် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းအပြင် မင်းတပ်မြို့ကိုပါ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွဲနေတာ တစ်လပြည့်မြောက်လာပြီလည်းဖြစ်ပါတယ်။
မြို့အနီးက စစ်ကောင်စီအခြေစိုက်စခန်းကုန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး မြို့အတွင်းကိုဝင်ရောက်နိုင်ဖို့ ထိုးစစ်ဆင်မှုတွေပြုလုပ်လျက်ရှိတာပါ။
စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေကြောင့်လည်း တိုက်ပွဲက ပိုမိုပြင်းထန်နေပြီး မြို့ခံအများစုကလည်းနီးစပ်ရာကို ကြိုတင်စစ်ဘေး တိမ်းရှောင်သွားပြီလည်း ဖြစ်ပါတယ်။
Operation CB မှာ ချင်းညီနောင်တပ်ဖွဲ့အပြင် မဟာမိတ်တပ်ဖွဲ့တွေလည်းအတူတကွ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF ) ကနဦး ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးစစ်ကြောခံနေရ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ဖော်ဆောင်ခဲ့တဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရဲဘော် ၂ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ New Generation Youth Strike Committee ထံက သိရပါတယ်။ 
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။