ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကိုတော့ PLA ရဲ့ မဟာမိတ် အဖွဲ့အစည်းတွေ ရပ်ရွာနေ ဒေသခံ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ လီဆူ လူမျိုးစု ရဲဘော်အများစု ပါဝင်တာကြောင့် လီဆူအမျိုးသား လွတ်မြောက်ရေးနဲ့အတူ ဗမာတပြည်လုံး လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက်လည်း ကြိုးစားရုန်းကန်သွားမယ်လို့ သန္နိဌာန်ပြုခဲ့ကြောင်း သိရပါတယ်။
အောက်ဆုံးအပိုဒ်ကို ဒီလိုလေး ပြင်လိုက်ပါလား bro
PLA ရဲ့ ၂၂၂ တပ်ရင်းဟာ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ အဓိက လှုပ်ရှားတဲ့ တပ်ဖွဲ့ဖြစ်ပြီး၊ အညာဒေသအတွင်း စစ်ရာဇဝတ်မှုများစွာကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့ အပတ်စဥ် (၃) သင်တန်း ပြုလုပ်ပြီးစီး (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းတိုက်ဖျက်ရေး (SSTF) ရဲ့ အပတ်စဥ် (၃) သင်တန်းပြီးစီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။