ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနဲ့ (၂၇၁၆) နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲကို တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအခမ်းအနားကို ဒီဇင်ဘာလ (၁၀)ရက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ငွံန်ရောတ်မျိုးနွယ်စုတွေကိူ ရွေးချယ်စိစစ်ကာ (၂၆)ယောက်မြောက် ငွံတ်ရောတ်မျိုးနွယ်စု အကြီးအကဲတစ်ယောက်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဦးဆောင်သူ (၂၉)ယောက်ပါတဲ့ မျိုးနွယ်စုအကြီးအကဲရွေးချယ်ရေးကော်မတီဖွဲ့က မြို့သစ်ကျေးရွာနေ အသက်(၈၇)နှစ်ရှိ တာအနွယ်ကို မျိုးနွယ်စုအကြီးအကဲအဖြစ် တင်မြှောက်ခဲ့ပြီး အတွင်းရေးမှူး (၃) ယောက်ကိုလည်း စိစစ်ရွေးချယ်နိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အဲ့ဒီနောက် (၂၇၁၆)နှစ်ပြည့် တအာင်းနှစ်သစ်ကြိုဆိုပွဲကို ဆက်လက် ပြုလုပ်ရာ အဲ့ဒီအခမ်းအနားမှာတော့ ဗိုလ်ချုပ်တားဘုန်းကျော်က (၂၇၁၆) နှစ်သစ်မှာ တအာင်းလူမျိုးတွေ အချင်းချင်း စည်းစည်းလုံးလုံးနေထိုင်သွားဖို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။
Read More

ဖက်ဆစ်အသွင်ကူးပြောင်းသွားသည့် စစ်တပ်ကို တော်လှန်နေသည့် လက်ရှိကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု NUG ပြော

ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
Read More

လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်ဂိုထောင် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲကိစ္စရပ်များ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) လဝကရုံး လက်ပစ်ဗုံး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သွားကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။