စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အနီးအနား ကျေးရွာတွေကို ဒီဇင်ဘာလ ၁၃ရက် ဒီနေ့ မနက်၄နာရီလောက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံများ (ဓာတ်ပုံ CJ)

“ဒီမနက်အစောကြီးဝင်လာတာ အင်အားကတော့များတယ်။ အရင်က ရွာကိုစစ်ကြောင်းထိုးတာနဲ့ မတူဘူး။ လက်ရှိရွာကို မီးရှို့တာတော့ မလုပ်သေးဘူးဗျ။ မနက်၄နာရီထိုးကတည်းက စတင်ဝင်ရောက်လာတာ” လို့ ဝဲကြီးကျေးရွာ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

“တရုတ်ကြေးနီစီမံကိန်းက ကြေးနီတွေ သယ်ထုတ်မယ်ဆိုရင် လမ်းတလျှောက်နဲ့ အနီးနားက ကျေးရွာတွေမှာ စစ်တပ်က လုံခြုံရေးယူလေ့ရှိတယ်။ အခုကတော့ အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေထဲအထိ စစ်ကြောင်းထိုးဝင်ရောက်လာနေတာဆိုတော့ ဘေးလွတ်ရာတွေကို လွတ်အောင် ပြေးနေကြရတာ” လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးအင်အား တိုးချဲ့ထားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်တပ်က ဒီမနက်မှာ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးမှုကြောင့် ဝဲကြီး၊ ဝဲကွဲ၊ ထန်းတောကြီး၊ တောဝ၊ ငခုန်၊ နောကတိုး၊ ကူတို့ကုန်း၊ ကတုန်း ကျေးရွာ ၈ရွာက ဒေသခံ ၅၀၀၀ ကျော်လောက် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံများ (ဓာတ်ပုံ CJ)
ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံများ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။