ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ နွားထိုးကြီးအနီးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့စတင်တိုက်ခိုက်အပြီး စစ်ဆေးရေးဂိတ်ကို မြေပြင်ကနေ စတင်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 တိုက်ပွဲမှာ ၁နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ဘန်ကာနားအထိရောက်ရှိခဲ့စဉ် မိတ္တီလာဘက်က စစ်ကူတွေရောက်ရှိလာတာကြောင့် အချိန်မီနောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ခိုက်မှုကို နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့ကအဓိကပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနိုင်လို့ ပြည်သူတွေအနေနဲ့ ရှောင်ရှားသွားလာပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေဈေး မြင့်တက်နေတာဟာ ပြည်ပထွက်ခွာသူ များလွန်းတာကြောင့်လို့ မင်းအောင်လှိုင် ပြည်သူတွေကို အပြစ်တင်၊ နိုင်ငံခြားငွေ မရှာနိုင်ပါက တိုင်ပြည်လုံးပါး ပါးသွားမည်ဟုခြိမ်းခြောက် …

“Non Trade မှာ လိုငွေတွေ အများကြီးပြတယ်။ အနှုတ်တွေ တအားများပါတယ်။ ပြည်ပထွက်ခွာမှုတွေ တော်တော်ကို များတာတွေ့ပါတယ်။ ပြည်ပထွက်ခွာမှုတွေက လမ်းလျှောက်သွားတာ မဟုတ်ဘူး။ လေယာဉ်ပျံနဲ့ သွားကြတာကိုးဗျ။ လေယာဉ်ခတွေ ကုန်တာပေါ့၊ အဲဒီမှာ… ဒါ .. အခြေခံလေးတခုပဲ ကျွန်တော်တွက်ပြတာပါ” လို့ မင်းအောင်လှိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။
Read More

လှည်းကူး ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) အဖွဲ့က ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

"ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။" လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မျှော်စင်ပေါ် ကင်းစောင့်နေသည့် ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို စစ်ကောင်စီရေတပ်သင်္ဘောက စနေနေ့အစောပိုင်းမှာ ပစ်ခတ်ခဲ့ရာက သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။