ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသွားသူတွေဟာ အိမ်စီးကားနဲ့ ရောက်လာပြီး လူ ၃ ယောက်ဆင်းလာကာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသားကို ပြန်ပေးဆွဲသွားတာဖြစ်ပါတယ်။ ပြန်ပေးဆွဲသူတွေထဲမှာ ၁ ယောက်က သေနတ် အရှည်တစ်လက် ကိုင်ဆောင်ထားတာကိုလည်း CCTV မှတ်တမ်းကတဆင့် တွေ့မြင်ရပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း တာချီလိတ်မြို့မှာ ဓားထောက် လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေလေ့ရှိပြီး မူးယစ်ဆေးဝါးတွေ အလွယ်တကူဝယ်ယူနိုင်ကာ တရားမဝင် လုပ်ငန်းတွေလည်း ပေါများလာတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှာ သတင်းထုတ်ပြန်ထားပါ တယ်။ သြဂုတ် ၇ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရမ်းတပ်ဖွဲ့မှ သွားရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။