ကရင်နီဒေသအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ‘စုပေါင်းကူညီ ထောက်ပို့ကျည်’ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကမ်ပိန်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်းနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၃) တို့က ပူးပေါင်းပြုလုပ်ထားပြီး မဲလက်မှတ်တစ်စောင်ကို ကျပ်ငွေ ၂ သောင်း သတ်မှတ်ထားပါတယ်။ မဲအစောင်ရေ ၇၀၀ သာ ကျန်ရှိတော့တဲ့အတွက် ပြည်သူအယောက် ၇၀၀ ရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်နေတယ်လို့ သိရပါတယ်။

ပါဝင်ထောက်ပို့ကြမယ့် တော်လှန်ပြည်သူတွေအနေနဲ့ ‘စုပေါင်းကူညီ ထောက်ပို့ကျည်’ဖေ့စ်ဘွတ်ခ် ပေ့ချ်မှာ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Video – ဆီဆိုင်စခန်းသိမ်းပွဲ

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့ (ရုပ်/သံ)

ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။