မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။

စခန်းအတွင်းက ဘန်ကာနဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲပစ်ကူပေးခဲ့တဲ့အတွက် ဒေသခံ ပြည်သူ ၃ ယောက်နဲ့ ပြည်သူ့ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ(SRF)က တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရ  ရဲဘော်ကိုထက်တို့ ၂ ယောက် တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီစစ်ဆင်ရေးကို အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုနဲ့ Earthquake peoples defence force၊ အညာမြေတပ်ပေါင်းစု၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်း၊ Kamma Revolution Force တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရေလာလေးပျူစခန်းသိမ်းတိုက်ပွဲအတွင်း  ၆၀မမစိန်ပြောင်း(၁)လက်၊ MA2(၁)လက်၊ MA3 (၁)လက်၊ M2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း(၃)လက်၊ 5.56လက်လုပ်(၁)လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်၊ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ စစ်သုံပန်း ၇ ယောက်ထက် မနည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ကောလင်းခရိုင်တပ်ရင်း၁ က ထုတ်ပြန်လိုက်ပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံအနီးရှိ သစ်ဖုလှဘုရားကုန်းမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

မြင်းခြံတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 
Read More

“အရေးကြီးတဲ့ စစ်ရေးကဏ္ဍအတွက် အနောက်ဘက်ကနေ ပံ့ပိုးနေသူတွေဟာလည်း တိုက်ပွဲရဲ့ သူရဲကောင်းတွေဖြစ်တယ်”

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးကို PLA ပစ်ချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။