ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တောင်းရမ်းစားသောက်နေကြတဲ့ မြန်မာတစ်ယောက် အပါအဝင် လူ ၁၂ ယောက်ကို ထိုင်းရဲတွေက ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့ညက ဖမ်းဆီးခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ လမ်ဖီနီရဲတပ်ဖွဲ့၊ လူသားလုံခြုံရေးနဲ့ လူမှုဖူလုံရေးအရာရှိတွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ဘန်ကောက်မြို့ရဲ့ Sukhumvit လမ်းပေါ်က စီးပွားရေးနေရာတွေဖြစ်တဲ့ Asok လမ်းဆုံကနေ Nana ဧရိယာအထိ လာရောက် စစ်ဆေးခဲ့ကြရာမှာ အဲဒီလမ်းကြောင်းတလျှောက် တောင်းရမ်းသူတွေ အများအပြား ရှိနေတာကြောင့် ခရီးသွားလုပ်ငန်းပုံရိပ်ထိခိုက်စေကြောင်း တိုင်ချက်ရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံသား ၈ ယောက်၊ ကမ္ဘောဒီးယား ၂ ယောက်၊ လာအို ၁ ယောက်နဲ့ မြန်မာ ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက နိုင်ငံခြားသား ၄ ယောက်ကို တရားမ၀င် ဝင်ရောက်မှုနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့  ဖမ်းဆီးရေးအဖွဲ့က ဆိုပါတယ်။

ဘန်ကောက်မြို့၊ Victory Monument အနီးမှာ အမျိုးသမီးတစ်ဦးက တောင်းရမ်းသူတစ်ဦးကို ပေးကမ်းနေစဉ် (ဓာတ်ပုံ Apichit Jinakul)

တောင်းရမ်းသူတွေထဲက ထိုင်းအမျိုးသမီး တစ်ယောက်ဟာ ငွေသား ဘတ် ၃၀၀,၀၀၀ ကျော် လက်ဝယ်ပိုင်ဆိုင်ထားပြီး ဘတ် ၁ သန်းခန့်ရှိတဲ့ ဘဏ်အကောင့်တစ်ခုကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူမဟာ တောင်းရမ်းရာကနေ ရရှိတဲ့ ငွေတွေကို စုဆောင်းခဲ့တာလို့ အာဏာပိုင်တွေကို ပြောပါတယ်။

တောင်းရမ်းသူတွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အဆိုပါ ဖမ်းဆီးခံရတဲ့နေရာအနီးမှာ နေထိုင်တဲ့မြန်မာတစ်ယောက်ကတော့ သူတို့ကို နေ့စဉ်မြင်တွေ့ရကြောင်း ဆိုပါတယ်။ သူက “တချို့ကျတော့လည်း စီးပွါးဖြစ်ကို တောင်းစား လုပ်စားသူတွေရှိသလို၊ တချို့ကျတော့လည်း အထူးသဖြင့် မြန်မာနိုင်ငံလို ဒုက္ခဖြစ်နေတဲ့ နိုင်ငံကလာပြီး၊ အလုပ်အကိုင်လည်း အဆင်မပြေတော့ နောက်ဆုံး တောင်းရမ်းစားရသူတွေကိုလည်း မြင်ဖူးတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီ တောင်းရမ်းသူ ၁၂ ယောက်လုံးကို လမ်ဖီနီရဲစခန်းက အရာရှိတွေထံ လွှဲပြောင်းထားတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ကိုးကား – Bangkok Post

0 Shares:
You May Also Like
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

ကန်ချနဘူရီ ရေလှောင်တမံမှာ မြန်မာလုပ်သား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ လှေနစ်မြုပ်မှုကြောင့် သေဆုံးဟု ယူဆ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Read More

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ APHR တောင်းဆို

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။