တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး တိုင်းစစ်ဌာန(ဧရာဝတီ)ကို မနေ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဧရာဝတီတိုင်းစစ်ဌာနကို ပြည်သူ့သားကောင်း စစ်သည်တော်တွေနဲ့အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ချမှတ်ထားတဲ့ သစ္စာအဓိဌာန်(၄)ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံမှုနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖော်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

တိုင်းစစ်ဌာန (ဧရာ၀တီ) အနေနဲ့ ဧရာ၀တီတိုင်းမှာ စစ်ရေးတွေ ဖော်ဆောင်သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိသေးပါဘူး။

အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်  ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ တောင်ပိုင်းစစ်ဒေသမှာသာ အခြေပြုလှုပ်ရှားမှုတွေပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းနှစ်သစ်ကူးကိုကြိုဆိုတဲ့ည ကျောက်မဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၀ယောက် သေဆုံး

ရှမ်းနှစ်သစ်ကူးကို ကြိုဆိုတဲ့ညမှာ စစ်ကောင်စီလေတပ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က လူနေရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။