ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။

KIA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်အများစုကို တရုတ်ဘက်က နိုဝင်ဘာလအတွင်း ပိတ်ထားခဲ့ရာကနေ အခု ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်းက စတင်ကာ ဂိတ်အသီးသီးကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ကချင်ရုပ်သံကနေ KIO တည်ထောင်ခြင်း အထိမ်းအမှတ် မိန့်ခွန်းပြောကြားနေသည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ဓာတ်ပုံ Laiza TV)

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အစိုးရနဲ့ စေ့စပ်ညှိုနှိုင်းဆွေးနွေးမှုတွေအပြီးမှာ တရုတ်နိုင်ငံက ပြန်လည်ဖွင့်လှစ်ပေးလိုက်တာလည်း  ဖြစ်ပါတယ်။

ကနဦး တရုတ်နိုင်ငံဟာ စစ်ကောင်စီအပေါ်  KIA ရဲ့ ထိုးစစ်တွေကို ကန့်ကွက်ခဲ့ကာ KIA ကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြန်လည် ဖြေလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကဆိုပါတယ်။

ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ရခြင်းဟာ မြောက်ပိုင်းအဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ TNLA ကို ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ တရုတ်ဟာ KIA ကို ဖိအားပေးလို့မရဘဲ တခြားသော ပုံစံမျိုးနဲ့ ညှိနှိုင်းဆွေးနွေးကိုင်တွယ်တဲ့ သဘောလည်း ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

လက်ရှိ ကချင်ပြည်နယ်အတွင်းက နယ်စပ်မြို့တွေဖြစ်တဲ့  လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ပန်ဝါ၊ ဖီမော်နဲ့ ကန့်ဖန့်ဒေသတွေကို KIAနဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့ တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲသွားရောက်နေစဉ်မှာပဲ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်း၌ ကချင်− တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များကို KIA က ပြန်လည်ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ − Dr. Tu Hkawng FB)

ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့ KIO/KIA အဖွဲ့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC)အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးမှုအတွင်း တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံ​ခဲ့ပြီး သူဟာ အရင်က ဆွေးနွေးဖူးတဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင့်တဲ့ အရာရှိဖြစ်တယ်လို့လည်း သိရပါတယ်။ 

KIO ဟာ တရုတ်နဲ့ သွားရောက်တွေ့ဆုံပြီး နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်နိုင်အောင်ကြိုးစားလာမှုဟာ လက်ရှိ စစ်ကောင်စီရဲ့ အရာရောက်မှုကို ဘေးရောက်သွားစေပြီး စစ်ကောင်စီအနေနဲ့ အဖြေရှာ မေးခွန်းထုတ်ဖို့ လိုပြီလို့လည်း စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြရေးသားလာကြပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့ တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲသွားရောက်နေစဉ်မှာပဲ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်း၌ ကချင်− တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များကို KIA က ပြန်လည်ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ − Dr. Tu Hkawng FB)

လက်ရှိ ဖြစ်စဉ်ကို ဥပမာယူပြီး မကြာခင် ဖြစ်ပေါ်လာနိုင်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ရခိုင်ပြည်နယ်မှာလည်း AA အနေနဲ့ အလားသဏ္ဍာန်တူ ဖြစ်ရပ်မျိုးတွေ ဖြစ်လာနိုင်ကြောင်း စစ်ကောင်စီ ထောက်ခံသူတွေက ထောက်ပြနေကြပါတယ်။ 

တရုတ်ဘက်ကပိတ်ထားတဲ့ ဂိတ်တွေထဲမှာ လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်နဲ့ ပန်ဝါ နယ်စပ်ဂိတ်တွေ အဓိက ပါဝင်နေပါတယ်။

နယ်စပ်ဂိတ် လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြန်လည် လည်ပတ်နိုင်တော့မှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ထွက်ရှိတဲ့ ကမ္ဘာ့ရှားပါးသတ္တုစာရင်းဝင် မြေရှားကိုလည်း တရုတ်နိုင်ငံဘက်က လိုအပ်ချက်ကြီးမားနေတာကြောင့် နယ်စပ်ဂိတ်တွေကို မဖြစ်မနေ ပြန်လည်ဖွင့်လှစ်ခဲ့ရပြီး တရုတ်ဟာ KIA ကို ဖိအားပေးဖို့ထက် သူ့ရဲ့ အကျိုးစီးပွားအတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ရခြင်းဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

လိုင်ဇာမြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − Dr. Tu Hkawng FB)
0 Shares:
You May Also Like
Read More

တရုတ်စီမံကိန်းတွေကို အကောင်းဆုံး ကာကွယ်ပေးသွားမယ်လို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး..မြေပြင်မှာ တရုတ်စီမံကိန်းအများစု တော်လှန်ရေးအဖွဲ့တွေ လက်ထဲရောက်ရှိနေ..

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အကောင်းဆုံး အကာအကွယ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စမာကျားရဲ့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
Read More

တိုက်ပွဲနှင့် နီးကပ်လာသည့် ကျောက်ဖြူစီမံကိန်းမှ စစ်ကောင်စီ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေ

တိုက်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူစီမံကိန်းကနေ အာဏာသိမ်း စစ်ကောင်စီဟာ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေဆဲ ဖြစ်တယ်လို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခရိုနီစီးပွားရေးလုပ်ငန်းစု ရွှေသံလွင်ကုမ္ပဏီနှင့် စီးပွားရေးဖြတ်တောက်မှုများအပေါ် ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ ပွင့်လင်းမြင်သာမှုရှိရမည်ဟု Justice For Myanmar တောင်းဆို

ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ဖြစ်တဲ့ ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေအဖွဲ့ ၂ ဖွဲ့နဲ့ ဂျပန်နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (JIB) တို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခရိုနီကုမ္ပဏီဖြစ်တဲ့ ရွှေသံလွင် ကုမ္ပဏီနဲ့ စီးပွားရေးဖြတ်တောက်မှုတွေအပေါ် ပွင့်လင်းမြင်သာမှုရှိရမယ်လို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

Star City စီမံကိန်းအတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ငွေကြေးများ လက်ခံအသုံးပြုခဲ့ခြင်းမရှိဟု ရိုးမအုပ်စုငြင်းဆို

အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။