ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။

 ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေက မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်က မိုးဗြဲမြို့နဲ့ ပတ်ဝန်းကျင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ချိန် S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ  ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအဆိပ်ငွေ့ပြားတွေကို တပါတည်း ထည့်သွင်းအသုံးပြုထားတဲ့ ဗုံးသီး ကျရောက်ရာ အနီးဝန်းကျင်မှာ မီးခိုးတွေ အများအပြား ထွက်လာပြီး ရှုရှိက်မိတဲ့ တော်လှန်ရေးရဲဘော်တချို့မှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ် မလန်းဆန်းခြင်း၊ အားပြတ်ခြင်း စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုတွေ မရှိခဲ့ပေမယ့် ဗုံးသီး ကျရောက်ခဲ့တဲ့ နေရာတွေကို စစ်ဆေးခဲ့ချိန်မှာ အက်စ်ဖော့စ် အဆိပ်ငွေ့ပြားတွေကို ထည့်သွင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း အနီးဝန်းကျင်မှာ ဒရုန်းတွေ ပျံဝဲနေခြင်း၊ တိုက်ခိုက်ခံရတဲ့ နေရာတွေနဲ့ အနီးမှာ ရှိနေခြင်းတွေ ဖြစ်လာရင် မစူးစမ်းဘဲ လုံခြုံတဲ့ နေရာတွေကို ပုန်းခိုပြီး ရှောင်ရှားကြဖို့ KNDF က သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုနဲ့ ကလေးငယ်များ အပါအဝင် ၁၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုအပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများကို စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတရား ပေါ်တာဆွဲခံရသူ အတူနေ ရဲကိုသတ်၊ သေနတ်ယူကာ အလင်းဝင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။