စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာတာကြောင့် စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာတွေကို အမီလိုက်နိုင်ဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဒီဇင်ဘာ၁၂ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားလိုက်တာပါ။ 

မိမိဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ဦးဆောင်စီမံခန့်ခွဲကြဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်ပွဲတွေမှာ အီလက်ထရွန်နစ် စစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေကို ထိထိရောက်ရောက် သုံးလာတာတွေ့လို့ နည်းပညာတွေကအရေးပါလာတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

စစ်ကောင်စီတပ်ဟာ တပ်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ကလည်း ဒရုန်းနည်းပညာကို ပြန်လည်အသုံးပြုလာမှုတွေ ရှိနေပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေမှာပဲ အားသာပြီး မြေပြင်မှာ တော်လှန်ရေးတပ်တွေကို အရေးနိမ့်နေတဲ့ စစ်ကောင်စီအနေနဲ့ နည်းပညာနဲ့ပတအသုံးပြုဖို့ စစ်ခေါင်းဆောင်က ရည်ညွှန်းပြောဆိုလာတာ ဖြစ်ပါတယ်။

ခေတ်သစ်စစ်ပွဲတွေမှာ အင်အားထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးလာပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေမှာ နည်းပညာအခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံထုတ် ကင်းထောက်ဒရုန်းရော၊ တိုက်ခိုက်ရေးဒရုန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေသလို ၂၀၂၃ နှစ်ကုန်ပိုင်းကစတင်ပြီး တရုတ်အကူအညီနဲ့ စစ်သုံးနည်းပညာတွေကို တိုးချဲ့ အသုံးပြုမှုတွေလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ နည်းပညာတွေ အသုံးပြုတိုက်ခိုက်နေပေမယ့် မြေပြင်မှာ မြို့ပေါင်း ၈၀ကျော်လောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်လွှတ်ထားရတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာက ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။