စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဲဒီပရောဂျက်ကို “အမေ့အိမ်သို့ အပြန်လမ်း” လို့ နာမည်ပေးထားပြီး ရဲဘော်တွေအတွက် လိုအပ်နေတဲ့ ယူနီဖောင်း၊ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပါဝင်ကူညီကြမယ့် ထောက်ပို့ပြည်သူတွေအနေနဲ့ Justice Soldier PDF Official ပေ့ချ်မှာ Video Call ခေါ်ပြီးမှသာ ပါဝင်ထောက်ပို့ပေးကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းကွင်းထဲ သောက်စားနေတဲ့ စစ်ကောင်စီတပ်သား တွေ ဖောက်ခွဲခံရပြီး ၄ ယောက်သေ၊ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၁၁) တပ်သား- ခန့်ဝင်းနိုင်၏ ပြောကြားချက် (ရုပ်/သံ)

''ရွှေတောင်မြို့နယ် သမန်ကုန်းကျေးရွာမှာ အုပ်ကြီးကို သတ်ပြီး ရှောင်ပြေးခဲ့ပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက အုပ်ကြီးက တစ်အိမ်တက်ဆင်း စစ်ကောင်စီထဲမဝင်ချင်ရင် ၂ သောင်းခွဲ ၃ သောင်း လိုက်ကောက်နေတဲ့အတွက် လုံးဝအဆင်မပြေတဲ့အချိန်မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ"
Read More

မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်ထုတ်ကုန်များနဲ့ ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။