ရခိုင်ပြည်နယ် မောင်တောက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နခခ (၅) လို စခန်းကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေချိန်၊ စစ်ကောင်စီ တပ်သား ၄၀၀ ကျော် သေဆုံးနေချိန်၊ တချို့စစ်သားတွေ ရသမျှ အဖြူစ ကိုင်စွဲပြီး လက်နက်ချ အညံ့ခံနေရချိန်မှာ သူတို့ရဲ့ ခေါင်းဆောင် အာဏာရှင် မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကို တက်ရောက်နေတာဖြစ်ပါတယ်။

နိုင်ငံတ၀န်း ကြီးမားစွာ စစ်ရှုံးနေပြီး လက်အောက်ခံ စစ်ကောင်စီ တပ်သားတွေ သေဆုံးနေရချိန်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခမ်းအနားတွေနဲ့ ပွဲလန်းသဘင်တွေကို အချိန်ပေး တက်ရောက်ရင်း တိုင်းပြည် အေးချမ်းနေသယောင် ပြသနေခဲ့တာပါ။

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်မှာ တွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ

မင်းအောင်လှိုင်က အောက်ခြေစစ်သားတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာနာမှု မရှိဘူးလို့ စစ်တပ်အမာခံ ထောက်ခံသူတချို့ကတောင် အပြင်းအထန် ဝေဖန်နေကြပါတယ်။

စွန့်လွှတ်ရတဲ့နယ်မြေတွေ များလာတဲ့အပေါ် လက်ရှိအုပ်ချုပ်သူတွေ စဉ်းစားဖို့လိုနေပြီလို့ စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်မှာ အခုရက်ပိုင်းအတွင်း ပြောဆိုမှုတွေမြင့်တက်လာပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ထောက်ခံသူတွေ အသိုင်းအဝိုင်းမှာ မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေးအရယုံကြည်သူတွေနဲ့ စစ်တပ်ကိုသာ သီးသန့်ထောက်ခံသူတွေအားလုံးက တညီတညွတ်တည်း လက်ရှိ စစ်ရှုံးမင်းအောင်လှိုင်ကို အပြင်းအထန် ဝေဖန်ထိုးနှက်လာတာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအပြည့်အ၀နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အရှုံးကိုလက်ခံနိုင်တဲ့ အားကစားသမားတွေ ဖြစ်ရမယ်လို့တောင် မိန့်ခွန်းပြောကြားခဲ့လို့ သူ့ကိုထောက်ခံသူတွေက လှောင်ပြောင်ပြောဆိုမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လမှာ MNDAA က လားရှိုးမြို့ကိုသိမ်းပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နေချိန်တုန်းကလည်း မင်းအောင်လှိုင်က ဆိုကရေးတီး ပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့လို့ အဲဒီကာလမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

စစ်မျက်နှာပြင်တွေမှာ အကြီးအကျယ်ရှုံးနိမ့်ပြီး ရာနဲ့ချီတဲ့ အောက်ခြေစစ်သားတွေ အသက်သေဆုံးနေရပေမယ့် မင်းအောင်လှိုင်ကတော့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမှာသာ အချိန်ကုန်ခံပြီး တိုင်းပြည်ကိုတည်ငြိမ်သယောင် သူကိုယ်တိုင် ဦးဆောင်ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။

AA ၏ အဖမ်းဆီးခံ စကစစစ်သားများ
ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ရှုသဘင်၊ အမျိုးသားအောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့ ၊ တပ်မတော်နေ့တွေလို အထင်ကရ ရက်စွဲတွေမှာ သူကိုယ်တိုင် တက်ရောက်ကာ ငွေကုန်ကြေးကျများတဲ့ အခမ်းအနားတွေကို ကျင်းပလာခဲ့တာဟာ စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပါတယ်။

အဲဒီအခမ်းအနားတွေ ကျင်းပတိုင်းလည်း ရာနဲ့ချီတဲ့စခန်းတွေ၊ မြို့တွေကို စစ်ကောင်စီက လက်လွှတ်ရကာ မြေပြင်မှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးနေရတာဖြစ်ပါတယ်။

“လားရှိုး (ရမခ) ကျခဲ့ပြီ။ မကြာခင်မှာ အမ်း (နပခ) လည်း ထပ်ကျမယ်။ ဗန်းမော် (စကခ ၂၁) လည်း ထပ်ကျဖို့ ရှိမယ်။ မန္တလေးလည်း အလှမ်းမဝေးဘူး။အခု အာဏာသိမ်းတပ်ခေါင်းဆောင် မအလ ဘာလုပ်နေလဲ။ ပျော်ပွဲရွင်ပွဲတွေ၊ ဘာပွဲ ညာပွဲ အခမ်းအနားပွဲတွေ လိုက်လုပ်၊ ပွဲတွေအကုန် လိုက်တက်နေတယ်။ဒီလောက်ပဲတဲ့၊ သူနဲ့ သူ့မိသားစုအကျိုးကိုပဲကြည့်တဲ့ ဒီလိုလူကို ခေါင်းဆောင်တင်ထားတဲ့ ဒီလိုတပ် ဒီလိုအခြေအနေထိ ပျက်စီးခြင်းငါးပါးဆိုက်လာတာ သိပ်တော့လည်း အံ့ဩစရာ မရှိပါဘူး။ ဒီလိုတပ်မှ မပျက်ရင် ဘယ်တပ် ပျက်မလဲ။ နှစ် (၈၀) မကလို့ နှစ် (၈၀၀) တည်တံ့ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါစေ၊ ဒီလောက်ပဲ့တဲ့သူ ဦးဆောင်မှတော့ ဒီလိုပဲ ဖြစ်မှာပဲ။ကျနော်တို့ တော်လှန်ရေးဘက်က လူထုတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ ဟန်ချက်ညီညီနဲ့ ဒီအတိုင်းသာ ဆက်သွား။ အာဏာရူး မအလ၊ ဒင်းဘယ်ပြေးမလဲ မိရွှေသဲ“ နွေဦးတော်လှန်ရေးမှာ သပိတ်လှုပ်ရှားမှုတွေရဲ့  အထင်ကရ နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကလည်း သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။