ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာရုံးမှာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က ၊ ဃ အုပ်ချုပ်ရေးမှူးတွေနဲ့ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကေမာ့လဲ၊ တခြက္ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တေခးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ ခေါ်ယူပြီး လုံခြုံရေး အစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်မှုထမ်းတွေ ကောက်ခံဖို့ ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားကာ အပတ်စဉ် (၈) အတွက် စစ်မှုထမ်းတပ်သားအသစ်တွေကို ဗျူဟာရုံး အရောက်လာပို့ပေးဖို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ အမိန့်ပေး ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကျေးနယ်တစ်ခုကို လူတစ်ယောက်စီပေးရမှာဖြစ်ပြီး လူမပေးနိုင်ရင် လူတစ်ယောက်အစား ကျပ်ငွေသိန်းသုံးဆယ် ပေးရမှာဖြစ်သလို လိုက်နာဆောင်ရွက်ခြင်းမရှိရင် မြို့အဝင်အထွက်ဂိတ်တွေကနေ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမယ်လို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၁၀) ရက် နေ့လည်ပိုင်းကလည်း စစ်မှုထမ်းအကြောင်းအရာဆိုင်ရာ နောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပတ်စဉ် (၇) မှာ ပို့ဆောင်ခြင်းမရှိသေးတဲ့ ကျေးနယ်တွေအနေနဲ့ အခု အပတ်စဉ် (၈) မှာ တစ်အုပ်စုကို တစ်ယောက်နှုန်းနဲ့  ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး မဖြစ်မနေပေးရမယ်လို့ ထပ်မံပြောကြားခဲ့ကြောင်း သိရပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် မြို့နယ်နဲ့ ကျေးနယ်တွေအတွင်း နေထိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။