ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ – နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

နခခ (၅) စခန်းဟာ မောင်တောမြို့ရဲ့ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀၀) ကျော် စခန်းချတပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်သလို စခန်းပတ်ပတ်လည်ကို သံဆူးကြိုး (၂) ထပ် ကာရံထားပြီး တစ်ခုနဲ့တစ်ခုအကြားမှာ သတ်ကွင်းတွေကို သေချာစွာပြင်ဆင်ထားတယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် တချို့နေရာတွေမှာ ပေ (၂၀) လောက်ကျယ်တဲ့ ရေမြောင်းတွေ ဖောက်လုပ်ထားပြီး ဆူးချွန်တွေ ထောင်ထားသလို ၁၀၀ ကျော်လောက်ရှိတဲ့ ဘန်ကာအသေးအကြီးတွေနဲ့အတူ ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး (၃၀) ကျော်နဲ့ ခံစစ်ကို အထူးပြင်ဆင်ထားတဲ့ နခခ (၅)ကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကြားကနေ AA က အချိန်နှစ်လနီးနီး တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

သဘာဝတရားရဲ့ အကာအရံအဖြစ် နခခ (၅) စခန်းရှေ့ပတ်ပတ်လည်နီးပါးမှာ ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းဖို့ မလွယ်ကူတဲ့အနေအထားမျိုးနဲ့ တည်ရှိနေတာကြောင့် အာရက္ခစစ်သည်တော်တွေက တစ်လက်မချင်းတိုးကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ပေမယ့် အာရက္ခ မိုင်းရှင်းလင်းရေးစစ်သည်တော်တချို့လည်း အသက်နဲ့ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ ကိုယ်ရေးအရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ RSO၊ ARSA၊ ARA နဲ့ အကြမ်းဖက်  စစ်ကောင်စီက သင်တန်းပေးထားတဲ့ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

နခခ (၅) ကို လွန်ခဲ့တဲ့ နှစ်လကတည်းက AA က ဝိုင်းရံပိတ်ဆို့ထားကာ အောက်တိုဘာလ (၁၄) ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ကာ ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

0 Shares:
You May Also Like
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည့်မှုကို CRPH သဝဏ်လွှာပေးပို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတွန်းလှန်ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြောဆိုလိုက်ပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။