စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ချောင်းဦး-မြင်းမူးလမ်းပိုင်း တစ်နေရာမှာ တော်လှန်ရေးတပ်တွေက ရှေ့ထွက်မိုင်း ၆ လုံး၊ ပဒေသာမိုင်း ၉ လုံး၊ စုစုပေါင်း ၁၅ လုံးနဲ့ စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား  ၇ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာ ခရိုင် အမှတ် – ၁၂ တပ်ရင်း၊ တပ်ခွဲ -၃) နဲ့အတူ ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Seven Defence Force (ပြည်သူ့တော်လှန်ရေးတပ်)၊ Eleven People Defence Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လယ်ဘူးမြို့ကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ၂ လနီးပါးတိုက်ခိုက်ပြီး အောက်တိုဘာ ၈ ရက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။
Read More

ကွမ်းလုံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့၊ နမ်းဟူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

SSNDF / KNDF B-103 က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် သင်တန်းသား ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈၊ ကပစ ၁၂၊ ပသစ ပူးပေါင်းအင်အား ၇၀ ကို ဖေဖော်ဝါရီ ၁၉ ရက် ‌နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။