မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်ရောက်လာသူဟာ ရေးတောင်ပိုင်း ခမရ -၂၉၉ မှာ ကိုယ်ပိုင်အမှတ် .ပစ. ၁- – – – -၇ (တကက ၆) ပသစ တပ်သား စောစိုးထက်အောင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ စောစိုးထက်အောင်ဟာ သူနဲ့အတူ MA 11 ၁လတ်၊ ကျည်အတောင့် ၁၂၀၊ ကျည်ဘောက် ၃ခု၊ အီနာဂါ ၁လုံး၊ လက်ပစ်ဗုံး ၁လုံး၊ ကျည်ကာ အင်္ကျီ ၁ထည်နဲ့ အီကွေ့မန့်တွေကိုလည်း ရာမညပြောက်ကျားတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ရာမညပြောက်ကျားတပ်ဖွဲ့အနေနဲ့ အခုလို အလင်းဝင်ရောက်လာသူတွေကို ဝမ်းမြောက်ဝမ်းသာ ကမ်းလှမ်းကြိုဆိုလျက်ရှိပြီး ဆက်သွယ်ရမယ့်နည်းလမ်းတွေကိုလည်း ဖရဲသီးတွေထံ ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် စစ်အုပ်စုက ရွာထဲ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်ပြီး ကြောက်လန့်ထွက်ပြေးသည့် လူငယ် ၁ ဦးကို လိုက်လံပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို စစ်အုပ်စု ပြန်လည်ရယူရန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်သွား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြန်လည်ရယူနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။