စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ရိက္ခာလာပို့တဲ့  အကြမ်းဖက်စစ်တပ်ရေယာဉ် ၂ စီးကို ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော် ရွှေမန်းထံက သိရပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေဟာ အုန်းပင်ဆိပ်ကမ်းကနေ စစ်ရေယာဉ် ၂ စီးနဲ့ ရိက္ခာတင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ကံကြီးကုန်းပျူစခန်းကို ထွက်ခွာလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို SOLO AUNG GYI ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းတမာန် GZ ဖက်ဒရယ်အာမီတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နှစ်သစ်ကူးည ပျဉ်းမနားမှာ မီးလောင်ပြီး လူဦးရေ ၃၄၀ ကျော် မီးဘေးသင့် (ရုပ်/သံ)

နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး လူဦးရေ ၃၄ဝ ကျော် မီးဘေးသင့်ကာ အကူအညီတွေလိုအပ်နေတယ်လို့ မိုးစေတနာပရဟိတအသင်းက အသိပေးထားပါတယ်။
Read More

ချောင်းဦးမြို့အတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ထောက်ပို့ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်း (ရုပ်/သံ)

မိုးကုတ်မြို့ လူနေရပ်ကွက်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်းပေးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ သခင်စိတ်မွေးကြဖို့ ဟောပြော (ရုပ်/သံ)

ရန်ကုန်မြို့စျေးတစ်ခုမှာ လူငယ်များသမဂ္ဂနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စီစဉ်မှုနဲ့ ''သခင်စိတ်မွေးဖို့လိုပြီး''ခေါင်းစဉ်နဲ့ ဟောပြောမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။