လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အကြီးမားဆုံးသော တော်လှန်ရေးလှိုင်းလုံးကြီးရဲ့ သဘော သဘာဝကို မျက်ခြေပျက်သွားတာနဲ့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တာကို သတိရှိကြဖို့ လိုတယ်လို့ NUG ယာယီသမ္မတက ထုတ်ပြန်ထားပါတယ်။

“အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတဲ့ စကားရှိပါတယ်။ တော်လှန်ရေး ဒီရေကလည်း ကျွန်တော်တို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန် ကြီးမားပြင်းထန်တာကြောင့်၊ ကျွန်တော်တို့ဟာ လှိုင်းရဲ့ သဘော / သဘာဝကို မျက်ခြေပျက်သွားတာနဲ့ ကျွန်တော်တို့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အထူးလိုအပ်ပါတယ်။” လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် ယာယီသမ္မတက တော်လှန်ရေးဆိုတာ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမယ်လို့ ပြောကြားထားပါတယ်။

“တော်လှန်ရေးအလုပ်ဆိုတာဟာ ခြေတစ်ဖက်လှမ်းထားရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်။ တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှ – လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင် / တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆိုတာ လုံးဝ မေ့လို့ မရပါဘူး။ ကျွန်တော်တို့ဟာ တချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း- ကျွန်တော်တို့ မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက် ယုံကြည်ချက် ပြင်းထန်ခဲ့ ကြောင်း / ငါတို့ဟာ ဘယ်လောက်အထိ ခြေစုံရပ် မြှုပ်နှံခဲ့သူတွေ ဖြစ်ကြောင်း” ပြန်ပြောပြပြီး ဂုဏ်ယူနိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအလုပ်ဆိုတာဟာ “တို့ကနန်း-ဆိတ်ကနန်း” လုပ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်လှေခါးရွာ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းဖြင့် တိုက်ခိုက် 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။