ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်(၁) ယောက်အပါအဝင် အရပ်သား (၃) ယောက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့  ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဒီဇင်ဘာလ (၆) ရက်မှာ ဝါးပင်စုကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁)လုံး၊ လိန်ပင် ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ(၁)လုံး၊ ဒီဇင်ဘာလ (၇) ရက်မှာ အင်းနက်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ

ဒီဇင်ဘာလ(၈)ရက်မှာလည်း နတ်သံကွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေက သောင်ပုကျေးရွာကို လက်နက်ကြီး ၁၂၀ မမ(၁)လုံး၊ ရွှေဝါတပ်ရင်းက ခမရ-၃၀၇ ကလည်း ခြောက်တဲစု ကျေးရွာကို လက်နက်ကြီး ၁၂၀မမ(၂)လုံး၊ ဒီဇင်ဘာလ(၉)ရက်မှာ နတ်သံကွင်းက စစ်ကောင်စီတပ်က ကုန်းချောင်းဝ ကျေးရွာမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းဝန်းအတွင်း လက်နက်ကြီး ၁၂၀ မမ (၂)လုံး စုစုပေါင်း (၉) လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီး ပစ်ခတ်မှုတွေ​ကြောင့် သောင်ပုကျေးရွာက အမျိုးသား (၂) ယောက်နဲ့ (၁)နှစ်အရွယ် ကလေးငယ်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ရွှေကျင်မြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၂၀ က တော်ဝိကျေးရွာမှာ နေရာယူထားပြီး ဂွေးကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
0 Shares:
You May Also Like
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)တင်သွင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်ထံ တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အသိပေးထုတ်ပြန်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂဠုန်စစ်ကြောင်း (P29908) နဲ့ ကျားဖြူစစ်ကြောင်း (P29909) ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အဖြစ်က နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ရှိ ဂဠုန်စစ်ကြောင်း (P29908) နဲ့ ကျားဖြူစစ်ကြောင်း (P29909) တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အဖြစ်က နုတ်ထွက်ပြီး ဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။