တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 

မွမ်းမံစစ်ပညာသင်တန်းဆင်းခဲ့တဲ့ လောင်းလုံး (ပကဖ) ရဲဘော်တွေအတွက် ဂုဏ်ပြုခဲ့တဲ့ ဒီအခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ လောင်းလုံး (ပကဖ) တာ၀န်ရှိသူတွေ၊ လောင်းလုံးမြို့နယ် ရေးရာတာ၀န်ခံတွေနဲ့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာ၀န်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် လောင်းလုံး ပကဖ က သင်တန်းဆင်းရဲဘော်တွေကို ကျည်ကာဦးထုပ်တွေ ပေးအပ်ဂုဏ်ပြုခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PLA တပ်ဖွဲ့ရဲ့ စစ်ရေးပြလေ့ကျင့်မှု (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အ နောက်မြောက်စစ်ဒေသ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်း စစ်ရေးပြလေ့ကျင့်မှု နဲ့ ၃ မိုင် မနားတမ်း ချီတက်ခြင်း ကိုပြုလုပ်ခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု လက်နက်ဖြင့် ရမ်းသန်းပစ်ခတ်မှု မိသားစုဝင် ၃ ဦးထဲမှ မသန်စွမ်းအပါ ၂ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

" စခတွေက အရှေ့တောင်ခြမ်းတိုက်ရွာ အထက်ရွာ ၊ အောက်ရွာကို ၁၅ ရက်လောက်နေပြီးတော့မှ တမာကန်ဘက်ကို ဖြတ်ထိုးလာတာ၊ တမာကန်ကို အရင်ကတည်းက စစ်ကြောင်း ထိုးဖူးတယ်၊ ဖြတ်သန်းဖြတ်လာထိုးဖူးတာတော့ရှိတယ်၊ မြေးဖြစ်သူ ဇော်ဘုန်းခိုင်ကျတော့ မွေးရာပါမသန်စွမ်းပါ" ပါလို့ Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ဖာပွန်ခရိုင်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ (၄၅) ကြိမ် ဖြစ်ပွါးခဲ့၊ စစ်ကောင်စီတပ်သား (၁၁) ယောက် သေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။