ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာပေါင်းများစွာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

နခခ ၅ စခန်းကို အာရက္ခတပ်တော် AA က ၂ ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရပြီး စခန်းအတွင်း စစ်အင်အား ၇၀၀ ကျော်ချထားကာ စခန်းပတ်ပတ်လည်အား သံဆူးကြိုး ၂ ထပ်နဲ့ ကာရံထားပြီး တချို့နေရာတွေမှာ ပေ ၂၀ ခန့်ကျယ်တဲ့ ရေမြောင်းတွေကို ဖောက်လုပ်ထားပြီး ဆူးချွန်တွေ ထောင်ထားပါတယ်။ လေးဖက်လေးတန်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်း ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး ၃၀ ကျော်ရှိတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနဲ့ စစ်လက်နက်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိကြောင်း အာရက္ခ တပ်တော် AA က ဒီနေ့ မနက်ပိုင်းမှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူတွင် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲနှင့် စစ်သား ၄ ဦးသေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

“ထိတွေ့မှုက ၃ မိနစ်ပဲကြာတယ်။ ပြီးဆုံးချိန်ကတော့ ၁နာရီ ၄၅ မှာ ပြီးတယ်၊ ကျနော်တို့ ဝပ်နေတဲ့နေရာကို သူတို့မွေးထားတဲ့ ခြေလေးချောင်း ခွေး ၂ကောင် ရောက်လာပြီး ဟောင်မယ်လုပ်လို့ စောပစ်လိုက်ရတာ၊ ခွေးသာ မပါရင် အကုန်သေတယ်။ ခွေးက စစ်**တွေကို ကယ်သွားတာ၊ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရသေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေါင်းညီနောင် PKU တာဝန်ခံ ဦးကလားက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ကနေ ရိက္ခာပို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆားလင်းကြီးမြို့သို့ တပ်အချိန်အပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ထံက သိရပါတယ်။