ရှမ်းပြည်နယ်ကို စစ်ဆင်ရေးတာဝန်နဲ့ ပို့ခံရတဲ့ ပုသိမ်မြို့ အကြမ်းဖက်စစ်တပ် လေ့ကျင့်ရေး (၆) က စစ်မှုထမ်း အပတ်စဉ် ၅ က တပ်သားသစ် ၈ ယောက် လမ်းမှာ မိုင်းဆွဲခံရပြီး သေဆုံးသွားကာ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွါးရာ ဒေသတွေမှာ စစ်သားအများအပြား သေဆုံးနေတာကြောင့် စစ်မှုထမ်း သင်တန်းသားတွေကို ရှေ့တန်း မြန်မြန်စေလွှတ်နေတယ်လို့ သိရပါတယ်။

“ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာအနီးမှာရှိတဲ့ စစ်တပ်လေ့ကျင့်ရေး အမှတ်၆သင်တန်းကျောင်းကနေ ရှမ်းပြည်နယ်ကို အရေးပေါ်ပုံစံနဲ့ ပို့လိုက်တာ။ အပတ်စဥ် ၅ က စစ်သားသစ်တွေပဲ။ ရှမ်းပြည်နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၈ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိထားသူတွေလည်းများတယ်လို့ လေ့ကျင့်ရေး ၆ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

သေဆုံးသူတွေဟာ ကန်ကြီးဒေါင့်၊ မြောင်းမြ၊ ဝါးခယ်မနဲ့ ရေကြည်မြို့နယ်တို့ကနေ စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူတွေ ဖြစ်ပြီး မအူပင်ကနေ စုဆောင်းခံထားရသူတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းခေါ်ဆောင်မှုဟာ အခုဆိုရင် အပတ်စဉ် ၈ အထိ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံအနှံ့ ပေါ်တာဆွဲ တပ်သားသစ်စုဆောင်းမှုတွေဟာ တနေ့တခြား ပိုမိုဆိုးဝါး လာနေပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင် အတွင်းကို စစ်အုပ်စု လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် ကင်းပတ်ထွက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ဘက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တို က်ခိုက်ခံရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်တွင်  ရက်ရှည်ဝင်ရောက်နေသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများရှိနေပြီး စစ်အုပ်စုအထိနာထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ရက်ရှည်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို ထိခိုက်မှုများအောင် ခုခံတိုက်ခိုက်ရင်း အရပ်သားတွေကိုလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။