အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ဆီ ဆက်သွယ်ခိုလှုံဝင်လာတဲ့ ခြေလျင်တပ်သား ၃၀၂ ယောက် ၊ ရေတပ်သား ၁၁ ယောက်၊ လေတပ်သား ၁၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ယောက်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅ ယောက် စုစုပေါင်း (၄၇၅) ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲမှာ စစ်တပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ဘက်ကတော့ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပြီး ၁၉၁ ယောက်က လက်နက်နဲ့အတူ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှုနည်းနိုင်သမျှ နည်းနည်းနဲ့ တော်လှန်ရေးအောင်မြင်နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်အောက်က ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်လက်ခံကူညီပေးနေတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

အခုနှစ် ၁၁ လတာအတွင်း  ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေထဲမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ တပ်သားသစ် ၃၃ ယောက် ပါဝင်သလို အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော် စုစုပေါင်း ၁၅,၀၀၀ ခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ရာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေနဲ့ သူတို့ မိသားစုဝင်တွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖာပွန်ခရိုင်တပ်ရင်း ၁ က ဇန်နဝါရီလမှာ မြေပြင်နဲ့ ဝေဟင်စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ထောင်နီးပါးရှိဟု UEC ထုတ်ပြန်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော်ဖြင့် အများဆုံးဖြစ်

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ငါးထောင်နီးပါးရှိတယ်လို့ မင်းအောင်လှိုင် လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။