တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ အမျိုးသားအားကစားပွဲတော် ပြုလုပ်ပြီး နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရဲ့ နိမိတ်ရှိနေတယ်လို့  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံအနှံ့က စစ်တပ်စခန်းတွေ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရပြီး လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားအားကစားပွဲဟာ တည်ငြိမ်အေးချမ်းရေးကို ပြသတယ်လို့  ဆိုပါတယ်။

အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပြုလုပ်ခဲ့တဲ့  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ကို KIA က ထိုးစစ်ဆင်နေသလို ရခိုင်ပြည်နယ်မှာလည်း အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်နေချိန်ပဲ ဖြစ်ပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမှာ တွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ (ဓာတ်ပုံ စကစ ပြန်ကြားရေး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအပြည့်အ၀နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းပြည်ဟာ ငြိမ်းချမ်းနေကြောင်း နိုင်ငံတကာကို အခုလို ပွဲလမ်းသဘင်တွေကနေ သတင်းစကား ပေးချင်တဲ့သဘောဖြစ်တယ်လို့ CDM တပ်မတော် အရာရှိတွေက သုံးသပ်ပါတယ်။

အားကစားသမားတွေအနေနဲ့ အနိုင်ရရင် ရှုံးနိမ့်သူကို အားပေးဖို့၊ မိမိ ရှုံးခဲ့ရင် အရှုံးကိုလက်ခံပြီး အနိုင်ရသူကို မုဒိတာပွါးအားပေးဖို့၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခ တစုံတရာဖြစ်လာရင် ကူညီခြင်းဖြင့် အားကစားယဉ်ကျေးမှု မြှင့်တင်ရာ ရောက်တယ်လို့လည်း အမျိုသားအားကစားပွဲတော်ဖွင့်ပွဲမှာ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးတယ်ဆိုတဲ့ မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ မြန်မာအားကစားသမားတွေ အောင်မြင်မှု မရှိသလောက်နည်းပါးသွားပြီး ထင်ရှားတဲ့ ပြိုင်ပွဲတွေမှာ ရှုံးနိမ့်မှု တချို့နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ထင်ရှားတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတချို့ဟာလည်း စစ်ကောင်စီကို ကိုယ်စားမပြုလိုတာကြောင့်  CDM ပြုလုပ်တာ၊ ပြိုင်ပွဲတွေကိုဝင်ရောက်မယှဉ်ပြိုင်တော့တာတွေနဲ့ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားမှုတွေလည်း အမြောက်အမြားရှိခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ (ဓာတ်ပုံ စကစ ပြန်ကြားရေး)

အာဏာမသိမ်းခင် ကပ်ရောဂါကာလ အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေကြောင့် တိုင်းပြည်ဟာ စီးပွားရေးအရ အဘက်ဘက်က နိမ့်ပါးကျဆင်းနေချိန်မှာ လူအင်အားသောင်းချီပါဝင်တဲ့ အမျိုးသားအားကစားပွဲတော် ပြုလုပ်ခြင်းဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးခြင်းသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။

မင်းအောင်လှိုင်ဟာ ပွဲလမ်းသဘင်အခမ်းအနားတွေကို သူအာဏာသိမ်းပြီးနောက် ငွေကုန်ကြေးကျ များစွာနဲ့ မကြာခဏပြုလုပ်ပြီး တိုင်းပြည်ဟာ အေးချမ်းနေတဲ့သဘောရှိသယောင် ဝါဒဖြန့်လေ့ရှိပါတယ်။

ဗိုလ်ရှုသဘင်၊ အမျိုးသားအောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့ ၊တပ်မတော်နေ့တွေလို အထင်ကရရက်စွဲတွေမှာ သူကိုယ်တိုင် တက်ရောက်ကာ ငွေကုန်ကြေးကျများတဲ့ အခမ်းအနားတွေကို ကျင်းပလာတာဟာ စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးမှာ အသုံးစရိတ်လွန်စွာနည်းပါးသွားပြီး စစ်အသုံးစရိတ်တွေကို ပုံမှန်ထက်လွန်ကဲစွာ အသုံးပြုနေတဲ့ စစ်ကောင်စီဟာ အခုလို မလိုလားအပ်တဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေပြုလုပ်ကာ အောက်ခြေအဆင့်မှာလည်း အသုံးစရိတ်တွေကို အကျင့်ပျက်ခြစားသူတွေ ရှိနေတယ်လို့ CDM ပြုလုပ်လာသူ ဝန်ထမ်းတချို့ကလည်း ထောက်ပြပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမှဦ တွေ့ရတဲ့ အမည်ခံ အနုပညာရှင်များ (ဓာတ်ပုံ စကစ ပြန်ကြားရေး)
0 Shares:
You May Also Like
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်