စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေတပ်အရာရှိပိုင်းနဲ့ အခြားအဆင့်ရှိ လုံခြုံရေးတပ်သား ၉ယောက်သေကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ထက်မနည်း ရှိခဲ့တယ်လို့ Urban Special Operation (U.S.O) တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီက လေတပ်ဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ၊ အရပ်ဝတ်မာဖီတွေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“စကစ အခြေအနေကတော့ အကုန်ပတ်မဲပြီး တွေ့သမျှ ဖမ်းဆီးနေတာပါ။ လေတပ်ဝန်း အနီးအနားရှိတဲ့ ရွာတွေ အကုန်လုံးလိုလိုမှာ ဧည့်စာရင်း​တွေ တောက်လျှောက် စစ်နေတယ်လို့ သတင်းရပါတယ်။ ဒါ့အပြင် ပထမအကြိမ်တုန်းကလိုပဲ သတင်းဖုံးဖို့ သူတို့ကြိုးစားနေကြပါတယ်။” လို့ Urban Special Operation (U.S.O) တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေတပ်ဝန်းထဲ ထိခိုက်မှုမရှိဘူးလို့ငြင်း​ဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့၊ မနက်ပိုင်းကလည်းမှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O)နဲ့အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး ဟက်စကီးကွင်းအပါအဝင် တောင်ပိုင်းလေတပ်အရာရှိတွေရဲ့နေအိမ်အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ထိခိုက်သူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်… မိုးကုတ်နှင့် သပိတ်ကျင်းအစပ်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို လက်ပစ်ဗုံးများ၊ ပြင်းအားမြင့် မိုင်းများဖြင့် မြို့ပြကြွက် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။