စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေတပ်အရာရှိပိုင်းနဲ့ အခြားအဆင့်ရှိ လုံခြုံရေးတပ်သား ၉ယောက်သေကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ထက်မနည်း ရှိခဲ့တယ်လို့ Urban Special Operation (U.S.O) တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီက လေတပ်ဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ၊ အရပ်ဝတ်မာဖီတွေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“စကစ အခြေအနေကတော့ အကုန်ပတ်မဲပြီး တွေ့သမျှ ဖမ်းဆီးနေတာပါ။ လေတပ်ဝန်း အနီးအနားရှိတဲ့ ရွာတွေ အကုန်လုံးလိုလိုမှာ ဧည့်စာရင်း​တွေ တောက်လျှောက် စစ်နေတယ်လို့ သတင်းရပါတယ်။ ဒါ့အပြင် ပထမအကြိမ်တုန်းကလိုပဲ သတင်းဖုံးဖို့ သူတို့ကြိုးစားနေကြပါတယ်။” လို့ Urban Special Operation (U.S.O) တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေတပ်ဝန်းထဲ ထိခိုက်မှုမရှိဘူးလို့ငြင်း​ဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့၊ မနက်ပိုင်းကလည်းမှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O)နဲ့အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး ဟက်စကီးကွင်းအပါအဝင် တောင်ပိုင်းလေတပ်အရာရှိတွေရဲ့နေအိမ်အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ထိခိုက်သူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံး လက်ပစ်ဗုံး ပစ်၊ မိုင်းခွဲခံရပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ၁ ဦး အပြင်းထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်ရုံးကို စက်တင်ဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

နည်းလမ်းမျိုးစုံဖြင့် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းအင်အားများအတွက် အကြမ်းဖက်စစ်တပ်က သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနေ

မတရား စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားတွေ အရှိန်အဟုန်မပြတ် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက် ထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာအများအပြားသွားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ -၃ က သတင်းထုတ်ပြန်ပါတယ်။