စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေတပ်အရာရှိပိုင်းနဲ့ အခြားအဆင့်ရှိ လုံခြုံရေးတပ်သား ၉ယောက်သေကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ထက်မနည်း ရှိခဲ့တယ်လို့ Urban Special Operation (U.S.O) တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီက လေတပ်ဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ၊ အရပ်ဝတ်မာဖီတွေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“စကစ အခြေအနေကတော့ အကုန်ပတ်မဲပြီး တွေ့သမျှ ဖမ်းဆီးနေတာပါ။ လေတပ်ဝန်း အနီးအနားရှိတဲ့ ရွာတွေ အကုန်လုံးလိုလိုမှာ ဧည့်စာရင်း​တွေ တောက်လျှောက် စစ်နေတယ်လို့ သတင်းရပါတယ်။ ဒါ့အပြင် ပထမအကြိမ်တုန်းကလိုပဲ သတင်းဖုံးဖို့ သူတို့ကြိုးစားနေကြပါတယ်။” လို့ Urban Special Operation (U.S.O) တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေတပ်ဝန်းထဲ ထိခိုက်မှုမရှိဘူးလို့ငြင်း​ဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့၊ မနက်ပိုင်းကလည်းမှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O)နဲ့အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး ဟက်စကီးကွင်းအပါအဝင် တောင်ပိုင်းလေတပ်အရာရှိတွေရဲ့နေအိမ်အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ထိခိုက်သူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှု ရှိနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အဓမ္မပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG အစိုးရ တိုက်တွန်း၊ လူငယ် ၇ သောင်းနီးပါးကို စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်မြေပြင်များဆီ စေလွှတ်အသုံးချနေဟု ဆို

အပတ်စဥ် ၁ ခုကို စစ်သားသစ် ၄၀၀၀ ရရှိအောင် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခံရကာ စစ်သားဖြစ်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာ အသိပေးဖိတ်ခေါ်ချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။