အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ဆီ ဆက်သွယ်ခိုလှုံဝင်လာတဲ့ ခြေလျင်တပ်သား ၃၀၂ ယောက် ၊ ရေတပ်သား ၁၁ ယောက်၊ လေတပ်သား ၁၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ယောက်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅ ယောက် စုစုပေါင်း (၄၇၅) ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲမှာ စစ်တပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ဘက်ကတော့ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပြီး ၁၉၁ ယောက်က လက်နက်နဲ့အတူ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှုနည်းနိုင်သမျှ နည်းနည်းနဲ့ တော်လှန်ရေးအောင်မြင်နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်အောက်က ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်လက်ခံကူညီပေးနေတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

အခုနှစ် ၁၁ လတာအတွင်း  ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေထဲမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ တပ်သားသစ် ၃၃ ယောက် ပါဝင်သလို အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော် စုစုပေါင်း ၁၅,၀၀၀ ခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ရာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေနဲ့ သူတို့ မိသားစုဝင်တွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။