စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 

အဲလို နှိပ်စက်ခံရသူတွေထဲမှာ များသောအားဖြင့် နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ကလေးအကျဉ်းထောင်ထဲက အကျဉ်းခန်းခတွေဟာ ၃သောင်း၊ ၅သောင်းကနေ ၂သိန်းအထိရှိနေပြီး ငွေကြေးမတတ်နိုင်တဲ့ သူတွေကို မကောင်းတဲ့ အကျဉ်းခန်းတွေမှာထားကာ အခန်းခကို ခန္ဓာနဲ့ ပြန်ဆပ်ခိုင်းတာကြောင့် အသက်သေဆုံးခဲ့ရတဲ့ အကျဉ်းသားတွေပါ ရှိနေတာ ဖြစ်ပါတယ်။

“အခန်းခကောက်တာက ခွင့်မပြုထားတဲ့ ကိစ္စပါ။ ဒီလို အကျဉ်းကျနေသူတွေကို ငွေကြေးကောက်ခံတာကို လုံးဝလက်မခံနိုင်ပါဘူး။ မတရားဖမ်းဆီးထားသူတွေမဟုတ်ဘဲ အပြစ်ရှိလို့ အကျဉ်းကျခံနေရသူတွေကိုတောင်မှ ထောင်က အပြည့်အဝ ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းလာအကျခံနေရသလို ဖြစ်နေတယ်။ ဒါကိုတော့ ကျနော်တို့ လက်မခံပါဘူး” လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

PPNM ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကျဉ်းသားအေးချမ်းအောင်ဆိုသူကလည်း အခန်းခကို ခန္ဓာနဲ့ ဆပ်ကာ အလုပ်ကြမ်းလုပ်ရင်း အမောဖောက် သေဆုံးသွားသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ကလေးအကျဉ်းထောင်မှာ အခန်းကြွေးတွေနဲ့ ပတ်သက်ပြီး ရောဂါအခံရှိနေသူတွေကိုပါ အလုပ်မလုပ်ရင် လျှော့ရက်ဖြတ်မယ်လို့ ခြိမ်းခြောက်ကာ အတင်းအဓမ္မ အလုပ်ကြမ်းတွေကို ခိုင်းနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထောင်ထဲက မီးသီး၊ မီးလုံး၊ သော့က အစ အထွေထွေပြင်ဆင်စရိတ်တွေကို အကျဉ်းသားတွေထံကနေ ကောက်ခံနေပြီး ခရီးသွားလာစရိတ်တွေပါမကျန် အတင်းအကြပ် တောင်းယူနေကြတယ်လို့ သိရပါတယ်။ 

ကိုသိုက်ထွန်းဦးက ဆက်လက်ပြီး “အာဏာမသိမ်းခင်ကဆို ဒီလိုမလုပ်ရဲကြပါဘူး။ လုပ်ရင်လည်း မီဒီယာပေါ် သတင်းတက်တာနဲ့ အလုပ်ပြုတ်တော့ မလုပ်ရဲကြပါဘူး။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ထောင်အာဏာပိုင်တွေက တွင်တွင်ကျယ်ကျယ် လုပ်လာတာကို တွေ့ရတယ်ဗျ။ အခုလို ထုတ်ပြန်ရတာကလည်း ကလေးအကျဉ်းထောင်မှာ ရက်တွေစိပ်လာတယ်၊ တောင်းဆိုမှုတွေ များလာတာကြောင့်ပါ” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ ကြိုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထုတ်ပြန်ချက်နဲ့အတူ၊ အောင်ပွဲနဲ့ အိမ်ပြန်ရောက်လာတဲ့ တပ်ရင်းရဲဘော်တချို့ကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပုံတွေကိုလည်း ပခုက္ကူခရိုင် အမှတ် (၁၇) က ဒီကနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။