ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းလက်မှတ် (CI) ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရက ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ၂ နှစ် သက်တမ်းတိုးခွင့်ပြုဖို့ ကြေညာထားပြီးတဲ့နောက် သက်တမ်းတိုးဖို့ ကုန်ကျငွေနဲ့ပတ်သက်ပြီး သို့လောသို့လော ဖြစ်နေကြတာပါ။

သက်တမ်းတိုးရာမှာ “မြန်မာသံရုံးကို ဘတ် ၁၈၀၀ ပေးဆောင်ရမယ်” ဆိုပြီး တချို့သောအေဂျင်စီတွေက ပြောဆိုနေတာကြောင့် ဘန်ကောက်က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ဘန်ကောက်မြို့က အလုပ်သမားကောင်စစ်ဝန်ရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးတွေအနေနဲ့လည်း ငွေကြေးကောက်ခံမှာမဟုတ်ကြောင်း၊ ထိုင်းနိုင်ငံက သက်ဆိုင်ရာဌာနတွေရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ဖို့လိုကြောင်း သူက ပြောပါတယ်။

ဘန်ကောက်က မြန်မာသံရုံး (ဓာတ်ပုံ The Nation)

စစ်ကောင်စီက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကောက်ခံတဲ့ အခွန် ၂ ရာခိုင်နှုန်းကိုလည်း သူတို့အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ CI စာအုပ်တွေ လဲလှယ်မှသာ ဘန်ကောက်ဘဏ်နဲ့ 7/11 ဆိုင်တွေကတဆင့် တိုက်ရိုက်ပေးဆောင်ရမှာကြောင်း၊ ပြေစာပြပြီး စာအုပ်အသစ်တွေ လဲရမှာဖြစ်ကြောင်း ဆိုပါတယ်။

သက်တမ်းကုန်တော့မယ့် CI စာအုပ်တွေကို မကြာခင် သက်တမ်းတိုးပေးဖို့ မြန်မာသံရုံးအနေနဲ့ ထိုင်းနိုင်ငံ အလုပ်သမားဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အရင်နှစ်တွေကလိုပဲ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အတွင်း CI စာအုပ် ထုတ်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ပန်းရောင်ကတ်ရရှိဖို့အရေး ကုန်ကျငွေ ၁၀၀၀၀ ဘတ်် ဝန်းကျင်နဲ့ ဝေါ့ပါမစ်သက်တမ်းတိုးဖို့ ဘတ် ၁၅၀၀၀ အထိ ပေးဆောင်ရမယ်လို့ အေဂျင်စီတချို့က တောင်းခံနေကြတာပါ။

ထိုင်းအစိုးရက ခွင့်ပြုပေးမယ့် ယာယီအလုပ်လုပ်ကိုင်ခွင့်ဟာ အခုတစ်ခေါက်အတွက် ၂ နှစ်သက်တမ်းရှိမှာဖြစ်ပြီး ထပ်မံသက်တမ်းတိုးမယ်ဆိုရင် နောက်ထပ် ၂ နှစ် တိုးခွင့်ပြုမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

မူရင်းသတင်း – Myanmar Embassy in Thailand denies 1,800-baht slip fee for 2-year work permit

0 Shares:
You May Also Like
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

အီရန်စစ်ဦးစီးချုပ်သစ် ထပ်မံလုပ်ကြံခံရမှုနှင့်အတူ အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန်လာ၊ အပစ်အခတ်ရပ်ရုံမဟုတ်ဘဲ ပဋိပက္ခကို တကယ်အဆုံးသတ်ရမည်ဟု ထရမ့် ပြော

စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။