မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က မြိုင်မြို့နယ်၊ မီးသတ်ရုံးရှေ့မှာ အင်အား ၇ ယောက်နဲ့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ ရဲတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် မြိုင်မြို့နယ်အတွင်းမှာပဲ ဒီဇင်ဘာလ ၁ ရက်မှာ အင်အား ၁၈ ယောက်ခန့်နဲ့ ချောင်းဆုံဂိတ်ဆီ ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၆ ရက်နေ့မှာလည်း မြိုင်မြိုအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ယောက် အပြင်းအထန်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာ အနီးမှာလည်း နိုဝင်ဘာလ၂၉ရက်နေ့မှာ တစ်ကြိမ်၊ ၃၀ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ကန်နီရွာမှာ ပျူစောထီး ၃ ယောက် သေဆုံးကာ ၆ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ထို့အပြင် တွင်းမပျူစောထီးရွာထဲမှာလည်း တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ မိုင်းတွေကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်ကြိမ်၊ ၁၇ရက်နေ့မှာ တစ်ကြိမ်၊ ၂၀ရက်နေ့မှာ တစ်ကြိမ် စစ်ကောင်စီတပ်တွေ နင်းမိတာကြောင့် ပျူစောထီး ၂ယောက် ပေါင်ဖြတ်လိုက်ရကာ ရဲ ၂ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

မြိုင်ပကဖအနေနဲ့ ပခုက္ကူဒေသက တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းကာ နိုဝင်ဘာ ၂၀ရက်နေ့က အောင်သာပျူစောထီးရွာ အနီးမှာ စစ်သားနဲ့ ပျူစောထီးပူးပေါင်းတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ ပျူစောထီး ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း ပခုက္ကူ-ကမ္မဒေသ၊ ကန်တော်ကျေးရွာမှာ အများပြည်သူတွေကို  ဆက်ကြေးကောက် ဖမ်းဆီးနေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၂၂ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ပေါက်မြို့နယ် မြောက်ပိုင်း ဇီးပြား-တရော်ကိုင်းပျူစောထီးရွာတွေကို Drone တွေနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးကာ ၆ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီရက်တွေမှာ ပျူစောထီးတွေနဲ့ အတူမနေလိုတဲ့ ပြည်သူ ၁၃ ယောက်နဲ့ သံဃာတော် ၄ ပါးတို့လည်း မြိုင်ပကဖထံ လာရောက်ပူးပေါင်းခဲ့တာကြောင့် ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ 

ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း နိုဝင်ဘာလ ၂ ရက်နေ့မှာ သစ်ချိုကုန်း‌ပျူစောထီး၊ ၁၃ ရက်နေ့မှာ ကိုင်းလယ်ရဲစခန်းက စစ်ကောင်စီတပ်များ၊ ၂၉ ရက်နေ့မှာ သစ်ချိုကုန်း၊ ပင်တောင်၊ တပ်ကုန်း၊ ရွာသစ် ပျူစောထီးပူးပေါင်းများ၊ ဒီဇင်ဘာလ ၃ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပျူစောထီးအင်အားများ၊ ပေါက်မြို့နယ် ဝါးတော၊ ကျောက်ကာရွာအနီးမှာလည်း နေ့စဉ်ရက်ဆက် ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးနိုင်သလို ထိတွေ့မှု ဖြစ်ပွားစဉ်မှာ ပစ်ကူပေးတဲ့ ကပစ (၂၄) က ၁၂၀ မမ စိန်ပြောင်းတပ်ဖွဲ့ ပြောင်းကွဲကာ စစ်ကောင်စီတပ်သား ၃‌ ယောက် သေဆုံးခဲ့ကြောင်း မြိုင်ပကဖကနေ သတင်း ထုတ်ပြန်ထားပါတယ်။   

ဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပကဖ အမှတ် (၁၊၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၂ ၊ ၅ ၊ ၆ ၊ ၇ ၊ ၁၇) တပ်ရင်း၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊  ဧရာဒေါင်းတပ်ဖွဲ့နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အခြေခံစစ်သင်တန်းတက်ရင်း အမျိုးသမီး ၁ ဦး နှလုံးဖောက် သေဆုံး

မွန်ပြည်သစ်ပါတီကနေ သင်ကြားပို့ချပေးနေတဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်နေတဲ့ မွန်အမျိုးသားကောလိပ် ကျောင်းသူ ၁ယောက်ဟာ သင်တန်းတက်ရောက်နေချိန် ကာလအတွင်းမှာပဲ နှလုံးဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။