မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၉ရက်၊ မနေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားအသင်းနဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်မှာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၁ဂိုးဂိုးမရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲပြီးချိန်မှာ ကွင်းထဲလာရောက်ကြည့်ရှုနေတဲ့ ပရိတ်သတ်​တွေက မြန်မာကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန် ဆဲရေးခဲ့ကြပါတယ်။

ဒီအပေါ် အသင်းခေါင်းဆောင်တာဝန်ယူထားသူ မောင်မောင်လွင်ကလည်း လက်ခလယ်ထောင်ပြကာရိုင်းပြတဲ့ အသွင်အပြင်မျိုးတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် အခုလို ဝေဖန်ခံနေရတာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းပွဲစဉ် မြင်ကွင်း

ဒီဖြစ်စဥ်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ မြန်မာဘောလုံးအသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းတို့က တားဆီးခဲ့ပေမယ့်လည်း မောင်မောင်လွင်က ရိုင်းပြတဲ့အမူအရာတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လက်ရှိမှာ ယူ ၂၂ အသင်းကစားသမားအများစုပါဝင်တဲ့ အင်ဒိုနီးရှားအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီးကစားသမားတွေ ခြေစွမ်းမပြနိုင်ခဲ့သလို ပွဲချိန်အတွင်း ပြိုင်ဘက်အပေါ် ဥပဒေမဲ့ကစားခဲ့တာတွေနဲ့ပတ်သက်လို့ ပရိတ်သတ်တွေက ထောက်ပြဝေဖန်နေကြတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊စီးပွားရေးနဲ့ လူမှုရေးစတဲ့ အဘက်ဘက်က ကျဆင်းနေမှုတွေထဲ မြန်မာ့ဘောလုံးလောကလည်း ပါဝင်နေပါတယ်။ နိုင်ငံတကာပွဲစဥ်တိုင်းလိုလို အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့လက်ရွေးစင်အသင်းအပေါ် ဒေသတွင်း အသင်းတွေ တော်တော်များများက အသာစီးရယူထားနိုင်နေပြီလို့လည်း အားကစား ဝါသနာရှင်တွေက သုံးသပ်ထားကြပါတယ်။

ပရိသတ်ကို ပြန်လည်တုံ့ပြန်နေတဲ့ မောင်မောင်လွင်

လက်ရှိ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲကိုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပေမယ့် စိတ်ဝင်စားသူ မရှိသလောက်ဖြစ်နေတာပါ။

မြန်မာအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၂ရက်နေ့မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၁၈ရက်​မှာ လာအိုနဲ့ ဒီဇင်ဘာ ၂၁ရက်နေ့မှာ ဗီယက်နမ်အသင်းတို့နဲ့ယှဥ်ပြိုင်ကစားသွားရဖို့လည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အေအေရဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့က  CNO/CNDF ဒဏ်ရာရ ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းနှင့် ပစ္စည်း တချို့ ထောက်ပံ့လှူဒါန်း

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည့်မှုကို CRPH သဝဏ်လွှာပေးပို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတွန်းလှန်ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြောဆိုလိုက်ပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဆင်စွယ်၊ တောင်သုံးလုံးစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆင်စွယ်တပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ (၇)ရက်နဲ့ (၁၁) ရက်တွေမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။