မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၄ ယောက်သေပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီရက်တွေမှာ ပျူစခန်းအတွင်း မနေချင်တော့တဲ့ ပြည်သူ ၁၃ ယောက်နဲ့ သံဃာတော် ၄ ပါးတို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လာရောက်ပူးပေါင်းတဲ့အတွက် ကောင်းမွန်စွာ စောင့်ရှောက် ထားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပကဖ အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၊၂၊၅၊၆၊၇၊၁၇) တပ်ရင်းများ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဧရာဒေါင်းတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ပြိုကျခဲ့တဲ့ မြင်ကွင်း (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေးမြို့ရှိ မစိုးရိမ်ဓမ္မရက္ခိတကျောင်းတိုက် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဖားကန့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက်က ဖားကန့် KPDF ရဲဘော်တွေ သင်္ကြန်သံချပ်ထိုးပြီး တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းပိုင်းမှာ ဆိုင်ကယ် ၃ စီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၆ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မဟူရာ ရွှေဘိုသားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ကပစ (၂၄) နဲ့ ပျူစခန်းတွေကို ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅၀ ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်ရေးစက်ရုံ (ကပစ-၂၄) နဲ့ ပျူစခန်းတွေကို ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုံတောင် TIGER PDF အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။