စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် လူသားစာနာတာဝန်ခံနဲ့ အဖွဲ့တွေဟာ စစ်ဘေးရှောင်တွေကို ရေရှည်နေထိုင်သွားနိုင်ရေး၊ ကလေးတွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေး၊ သစ်တောကြိုးဝိုင်းအတွင်း သယံဇာတ မူဝါဒနဲ့အညီ နေထိုင်သွားလာလုပ်ကိုင်နိုင်ရေး၊ ဒေသတွင်းအခါအားလျော်စွာ ထုတ်ပြန်တဲ့ ဒေသန္တရ အမိန့်တွေ နာခံပေးဖို့တို့နဲ့ အားပေးစကားတွေ ပြောကြားခဲ့ပြီး လူသားစာနာအကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လူသားစာနာအကူအညီတွေ ပေးအပ်ရာမှာ လူသားစာနာတာဝန်ခံရဲ့ အကူအညီတောင်းမှုကြောင့် WJ အဖွဲ့က လှူဒါန်းထားတဲ့ ငွေကျပ် ၇,၁၁၀,၀၀၀(ခုနှစ်ဆယ့်တစ်သိန်းတစ်သောင်း)၊ ဆန် ၁၀ အိတ်၊ ဆီ၂၀ ပိဿာ၊ အနွေးထည်မျိုးစုံနဲ့ တခြားအဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းဟာ ပုလဲမြို့နယ်အတွင်း ထပ်တိုးနေထိုင်တဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်တဲ့အတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ရိက္ခာမျိုးစုံ၊ အိမ်သာနဲ့ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ၊ စာရေးကိရိယာတွေ အရေးတကြီးလိုအပ်နေတာကြောင့် အဖွဲ့အစည်းတွေ၊ အလှူရှင်တွေအနေနဲ့ အမြန်ဆုံး အကူအညီတွေ ပေးသွားကြဖို့ ပုလဲ ပအဖ က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။
Read More

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များဝင်တိုက်၊ စစ်သား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်ပေါ်က အကြမ်းဖက်စစ်တပ်ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂ လက်နဲ့အတူ အကြမ်ဖက်စစ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ကနဦးသတင်း ရရှိခဲ့ပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။