မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စ​စ်သားတွေက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးရင်း ဆုတ်ခွာရာလမ်းပိုင်းတွေပေါ်  မိုင်းတွေထောင်သွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယအပတ်လောက်ကစတင်ပြီး မင်းတုန်းမြို့တောင်ပိုင်းက မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်၊ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေက ဒီဇင်ဘာ (၆) ရက် ညနေပိုင်းမှာ ရွာသစ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သရက်ခရိုင် အမှတ် (၄) တပ်ရင်း ၊ တပ်ခွဲ (၂)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က  ၃ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ 

စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ရွာသစ်ရွာမြင်ကွင်း
စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ရွာသစ်ရွာမြင်ကွင်း

ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ခြေထောက်ကို ကျည်ထိမှန်ခဲ့ကြောင်းနဲ့ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ရွာသစ်ကျေးရွာ လမ်းပိုင်းတွေမှာ စွန့်လွှတ်မြေမြှုပ်နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ကိုမြတ်ကပြောပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ရက်နေ့ ကတည်းက ဝင်နေတဲ့စစ်ကြောင်းလို့ ပြောလို့ရပါတယ်။ ၂၆ရက်နေ့မှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး အထိနာသွားလို့ ပြန်ဆုတ်နေတာပါ။ အဲ့ဒါ ပြန်လည်စုဖွဲ့ပြီး ဒီလ၃ရက်နေ့မှာ ပြန်ဝင်လာတာပါ။ အဲ့နောက် ရွာသစ်ရွာကို မီးဝင်ရှို့တယ်။ ဒေသခံတွေကတော့ ပြီးခဲ့တဲ့လတည်းက ရှောင်နေရတာလို့ ပြောရမယ်။ သူတို့ရွာကို ညနေ ၄နာရီခွဲလောက်မှာ မီးဝင်ရှို့တယ်။ ကျနော်တို့က ၅နာရီခွဲလောက်ကျ အဲ့ရွာပတ်ဝန်းကျင်က တပ်တွေကို သွားတိုက်ပါတယ်။ အဲ့မှာ မိနစ်၂၀လောက် အပြန်အလှန်ဖြစ်ခဲ့တာပေါ့။  မိုင်းတွေလည်းဘယ်လောက်တောင် ထောင်ခဲ့မှန်း မသိရသေးပါဘူး။ အရင်က အတွေ့အကြုံအရဆို မိုင်းအရေအတွက်များပါလိမ့်မယ်” လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ရွာသစ်ရွာမြင်ကွင်း

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း အကြမ်းဖက်စစ်အုပ်စုတွေ မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာတွေဆီစစ်ကြောင်းထိုးဝင်ရောက်ရင်း ရခိုင်ရိုးမအစပ်ကကျေးရွာတွေမှာ မိုင်းအရေအတွက် ၃၀၀နီးပါးထောင်ထားခဲ့တာတွေရှိခဲ့ပြီး ဒေသခံတွေ၊ တော်လှန်ရေး အဖွဲ့ဝင်တွေနဲ့ ​မွေးမြူရေးတိရစ္ဆာန်တွေ မိုင်းဒဏ်သင့်တာတွေလည်း ရှိခဲ့တယ်လို့ ကိုမြတ်ကပြောပါတယ်။

လက်ရှိမှာ ရွာသစ်ကျေးရွာထဲက နေအိမ်အလုံး ၆၀နီးပါး မီးလောင်ပျက်စီးခဲ့ရသလို မြောက်ပြင်၊ ရွာသစ်၊ ငှက်ပြင်း၊  ကြိုးဝ စတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင်စစ်ကောင်စီက မင်းတုန်းမြို့ကနေ ခေါ်ယူထားတဲ့ ထပ်တိုးအင်အားတွေနဲ့အတူ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်တပ်စွဲထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ၂၆ရက်နေ့ကလည်း မင်းတုန်းမြို့နယ် ​ကြိုးဝရွာပတ်ဝန်းကျင်က စစ်ကောင်စီအထိုင်စခန်းကို သရက်ခရိုင် တပ်ရင်း၄က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ရွာသစ်ရွာမြင်ကွင်း
0 Shares:
You May Also Like
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

နှောညောင်ပင်ရွာ စစ်တပ်အထိုင်စခန်းကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ တပ်ကြပ်အပါ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရွှေပြည်သာတွင် မဲရုံလုပ်မည့် အမှတ်(၁၃) ရပ်ကွက်ရုံးအား ပြောက်ကျားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်ရာ အမှတ် (၁၃) ရပ်ကွက်ရုံးကို ဇန်နဝါရီ လ ၇ ရက်၊ ဒီနေ့ညနေပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ တအာင်း(ပလောင်) အမျိုးသားပါတီ တရားဝင် ကန့်ကွက်

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံး၀အသိအမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘူးလို့ တအာင်း (ပလောင်) အမျိုးသားပါတီက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ထဲကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်းနဲ့ ကျောက်ထုမြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။