ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 

သတိပေးထားပေမယ့် အကြိမ်ကြိမ် ကျူးလွန်နေတာကြောင့် မနေ့က ဒီဇင်ဘာလ ၈ ရက်၊ မနက် ၂ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ ရာအိမ်မှူးဖြစ်သူကို သဲကုန်းမြို့နယ် ပကဖနဲ့ ပေါင်းတည်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က မလွှဲမရှောင်သာပဲ သူနဲ့ထိုက်တန်တဲ့ အရေးယူဆောင်ရွက်မှုအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“ရှင်းလင်းလိုက်တာကတော့ သူရဲ့ ယာခင်းထဲမှာပါပဲ။ ကျနော်တို့ တိုက်ရိုက်က တစ်ကြိမ်…ပကဖ အနေနဲ့ တစ်မြို့နယ်လုံးကို သတိပေးတာက အကြိမ်ကြိမ်ပါပဲ ကြာလှပါပြီ။ လွန်ခဲ့တဲ့ (၂) ရက်ကတည်းက သူ့ကို ရှင်းမယ်ဆို ရပါတယ်။ ပြောင်းလဲမလားလို့ အချိန်ပေး စောင့်ကြည့်ခဲ့ပါသေးတယ်။” လို့ သဲကုန်းပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသူ ရာအိမ်မှူး အေးထွန်း

အဲဒီ ရာအိမ်မှူးဟာ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း စုဆောင်းရာမှာ ပြည်သူတွေထံက ငွေကောက်ခံတာတွေ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တိုင်တန်းချက်တွေကို သဲကုန်းပကဖ က လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။  

ဒါကြောင့် သဲကုန်းပကဖအနေနဲ့ အချိန်ယူစောင့်ကြည့်ကာ စုံစမ်းစစ်‌ဆေးမှုအရ တိုင်ကြားချက်တွေက မှန်ကန်နေတာကြောင့် ချက်ချင်းရပ်တန့်ဖို့ သတိ‌ပေးခဲ့ပေမယ့် လိုက်နာတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သဲကုန်းပကဖ အနေနဲ့ အခုရာအိမ်မှုးလိုမျိုး ပြည်သူတွေအပေါ် မတရားဖိနှိပ် အုပ်ချုပ်နေသူတွေကို အမြဲစောင့်ကြည့်နေမှာဖြစ်ပြီး ပြည်သူတွေကို ဘယ်လိုနည်းလမ်းနဲ့ မဆို ဒုက္ခပေးတာတွေကို မပြုလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ်က လူမိုက်ဂိုဏ်းတွေကို အသုံးပြုပြီး စစ်သားသစ် စုဆောင်းမှုများရှိလာ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စစ်ဘေးရှောင်ပြည်သူနှင့် စာသင်ကျောင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ​တွေနဲ့ စာသင်ကျောင်း​တွေကို မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျန်းမာ​ရေး ​စောင့်​ရှောက်မှု​ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာမြို့နယ်တွင် လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။