စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

နှစ်ဘက် အပြင်းအထန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) နဲ့ ရန်ကြီးအောင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားသည့် ရွှေဝါရောင်ဆရာတော် ဦးဇင်းနတ်ဇော ပြန်လည်လွတ်မြောက်လာ (ရုပ်/သံ)

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။
Read More

ငါးမြှာကြီးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် လေယာဉ်နဲ့ အကြမ်းဖက်စစ်သားတွေဘက်ကို ဗုံးမှားကြဲချ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးကို PLA ပစ်ချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။