ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ရက္ခိုင့်တပ်တော်(AA) က ဒီဇင်ဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နခခ(၅)တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရာရှိစစ်သည်တွေအပါအဝင် မွတ်ဆလင် လက်နက်ကိုင် စစ်သား ၈၀ ကျော်နဲ့ အတူ မနေ့က ညနေပိုင်းမှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့ သီဟိုဠ်ခြံအနီးမှာ ပုန်းအောင်းနေတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို AA က တိုက်ခိုက်ခဲ့ပြီး လက်ရဖမ်းဆီးရမိခဲ့တာလို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်း

မောင်တောအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ (၅) ကို ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်းမှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က မနေ့က သတင်းထုတ်ပြန်ထားပေမယ့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး AA က တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။

နခခ(၅) စခန်းတွင်းကနေ  စစ်ကောင်စီတပ်သားတွေနဲ့  သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်တွေဟာ စခန်းကို စွန့်ခွာကာ ဖရိုဖရဲထွက်ပြေးသွားခဲ့တဲ့အတွက် အာရက္ခတပ်တော်က  မောင်တောမြို့အနီးဝန်းကျင်နဲ့ နတ်မြစ်ကမ်းခြေတစ်လျှောက်မှာ လိုက်လံရှင်းလင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၇)ရွာတွင် လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုနေသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။