မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၆)ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်မှာ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Voice of Mandalay – PDF)

မန္တလေးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၅ ခုကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စတင်တဲ့ ထိုးစစ်မှာ မန္တလေး PDF က သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ မတ္တရာအနောက်ခြမ်းဒေသက ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လို့ ကျေးရွာတချို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်အရှေ့ခြမ်းတွင် ပေါ်တာဆွဲ စစ်အုပ်စုနှင့် PDF များ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၆ ဦး သေကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း၏ စျာပနအခမ်းအနား

အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

အမြန်လမ်း ၁၀၁ မိုင်အနီး စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို ​ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်၊ စစ်သား ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။