ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

စစ်မှုထမ်းတပ်သားတွေဟာ ဒီဇင်ဘာ ၇ရက် ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အနီး ဇင်ပြွန်ကုန်း ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာဘက်ကို ထွက်ပြေးတဲ့ ၁၆ ယောက်ကတော့ စစ်တပ်ထောက်ခံသူ ရွာခံရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

“ထွက်ပြေးတဲ့သူတွေက စစ်မှုထမ်း အပတ်စဥ် ၆ မှာ စစ်သင်တန်း တက်ရောက်ထားတဲ့သူတွေ။ စစ်ဆင်ရေး မပို့ခင် ထွက်ပြေးလွတ်မြောက်သွားတာ။ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ်တွေထဲက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စစ်သင်တန်း တက်ရောက်ခဲ့ရသူတွေပဲ” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“ထွက်ပြေးသွားတာ အယောက် ၄၀ ။ နတခ အနီးက တောင်ယာကုန်းကျေးရွာမှာ စစ်တပ်က ပြန်ဖမ်းလိုက်တာ ၁၆ ယောက် ။ ၂၄ ယောက်ကတော့ လွတ်မြောက်သွားတယ်” လို့ အထက်ပါ နီးစပ်သူက ဆက်ပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်သင်တန်းသား ၁၆ ယောက်ကိုတော့ စစ်ကောင်စီတပ်သားတွေက အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ လုပ်နေသလို ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။