ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ကျွန်းတော်ကုန်းကျေးရွာကနေ နှောပင်ကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၅ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့မှု ရုပ်သံမှတ်တမ်းကို နေပြည်တော် PDF တပ်ရင်း ၈၀၄ က ထုတ်ပြန်လာပါတယ်။ 

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွါးခဲ့ပါတယ်။ အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က ကျွန်းတောကုန်းကျေးရွာဆီ ပြန်လည်ဆုတ်ခွာသွားပြီး ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း ဗျုဟာအမှတ် ၁၇ လက်အောက်က တပ်ရင်းအမှတ် ၈၀၄နဲ့ ၉၀၁  စစ်ကူတွေရောက်ရှိလာပြီး လက်နက်ကြီးပြန်လည်ပစ်ခတ်ရင်း နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း အဲဒီနေ့ နေ့လည်ပိုင်းမှာ စက်သေနတ်တင် သံချပ်ကာကားတွေနဲ့ စစ်ကူစစ်ကြောင်းတွေ ဖြည့်တင်းပြီး စစ်ကြောင်း ထပ်မံဝင်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တဲ့ ဒီတိုက်ပွဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျူဟာအမှတ်- ၁၇လက်အောက်က နေပြည်တော်တပ်ရင်း ၈၀၄၊၉၀၁၊ RTC စစ်ကြောင်း၊ ကီးကူစစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်သားအများအပြား သေဆုံးခဲ့ကာ RTC ရဲဘော် ၄ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး မြို့အတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်လာ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့အခြေချတပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့ အခြေချ တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။