ရခိုင်ပြည်နယ်၊ မောင်တောမြို့က လက်ကျန်တပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ-၅) ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ အရက္ခတပ်တော် (AA) က မောင်တော တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 

AA ဟာ ပြီးခဲ့တဲ့ ဇွန်လကနေ စတင်ပြီး မောင်တောမြို့က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့က ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်းမှာတော့ နောက်ဆုံးလက်ကျန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့တာပါ။

“မောင်တောမှာတော့ AA အနေနဲ့က အားလုံးပြီးသွားပြီ။ ကုန်သွားပြီပေါ့နော်။ ဒါပေမယ့် ARSA အပါအဝင် တခြားလက်နက်ကိုင်တွေရဲ့ ဇာတ်လမ်းက ရှိသေးတော့ နယ်မြေရှင်းလင်းရေး ဆက်လုပ်ရမယ့် အနေအထားပါ။ မထိမတွေ့ရသေးတာဆိုရင် ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေပဲ ရှိတော့တယ်။” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ မောင်တော (နခခ-၅) ကို သိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RSO၊ ARSA၊ ARA အဖွဲ့ဝင်တွေ ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။ 

အဲဒီလို ထွက်ပြေးရာမှာ ရေကြောင်းကို အသုံးပြုပြီး ထွက်ပြေးကြတာကြောင့် AA က ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်းမှာ ရေကြောင်းခရီးသွားလာမှုတွေကို ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်းကို ထုတ်ပြန်လာခဲ့ပါတယ်။ 

နခခ (၅) အတွင်း ပိတ်မိကျန်ရစ်ခဲ့သည့် အကြမ်းဖက်စစ်သားများ

“ခံစစ်ကြောင်းကို ဦးဆောင်နေတဲ့ ဘူးသီးတောင်အခြေစိုက် ဗိုလ်မှူးချုပ် သူရိန်ထွန်းလည်း AA လက်ထဲရောက်သွားပြီ ဆိုတာကို ကျနော်တို့ သိရပါတယ်။ ဆိုတော့ နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ AA ကနေ ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နေတယ်။” လို့ ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

နခခ-၅ ကို AA တပ်တွေ တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်သားတွေ ပိတ်မိနေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။

အဲဒီရုပ်သံထဲမှာ ဒဏ်ရာရသူတွေ အပါအဝင် စစ်ကောင်စီတပ်သား အယောက် ၅၀ လောက်က နခခ ၅ ထဲမှာ ပိတ်မိနေကြောင်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကလည်း ထွက်ပြေးသွားပြီဖြစ်ကြောင်း ပြောဆိုပြီး ရုပ်သံကတဆင့် အကူအညီ တောင်းနေကြတာပါ။

ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်း

ဗိုလ်ကြီးဇင်ယော်က “တကယ်တော့ အစောကြီးကတည်းက အထဲမှာ သေနေတဲ့ သူတွေ၊ ပုတ်နေတဲ့ သူတွေ၊ ပြတ်နေတဲ့သူတွေ ရှိနေတယ်။ လူနာ မကောက်နိုင်တာ။ အရက္ခတပ်တော်ကလည်း တမင်ကို ညှင်းပြီးတော့ မတိုက်ဘဲ ထားထားတာပါ။ မြေပြင်လက်ကျန် ရှင်းစရာလေးတွေ ရှိတာရောပေါ့။ စကစကလည်း စစ်ကူ ပို့ကို မပို့နိုင်တာ။ ဆေးမှူးတွေရှိပေမယ့် ဖြတ်တာတောက်တာက ယာယီပဲ လုပ်လို့ရတာမျိုး။ နောက်ပြီးဆေးရုံဆက်ပို့မှ ရတာဆိုတော့။ အမှန်တော့ စစ်ကူမပို့နိုင်တာထက် လူနာကောက်နိုင်ရင်ကို စိတ်ဓာတ်က တက်ကြွတာမျိုးပေါ့နော်။ အဲ့လိုဆိုတော့ ခံစစ်အနေနဲ့ ပိတ်မိထားတဲ့ ကာလရှည် အနေအထားမျိုးပါပဲ။” လို့ ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ထဲက မြေပုံ၊ မင်းပြား ၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောနဲ့  ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။ 

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။