Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။ 

အခုလို ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်မှုဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံး တီထွင်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Golden Eagle-People Defense Force အဖွဲ့ကို ထောက်ပံ့ကူညီကြမယ့် တော်လှန်ပြည်သူတွေအနေနဲ့ အောက်ပါလင့်ခ်ကတဆင့် ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါတယ်။

Golden Eagle-People Defense Force –

https://www.facebook.com/GoldenEaglePDF

0 Shares:
You May Also Like
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြိမ်းသတ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာစာသင်ကျောင်းကို ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ Homalin People's Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Great Wall ဟိုတယ်ကို အပြီးသတ်ဖြိုချ (ရုပ်/သံ)

မန္တလေးမှာ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ Great Wall ဟိုတယ်ကို ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ အပြီးသတ် ဖြိုချလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် လေကြောင်းက ချပေးတဲ့ ခဲယမ်းတချို့ နဂါးနီစစ်ကြောင်းရရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးတွင် အင်အား ၃၀၀ ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းနှင့် ၁၀ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြား သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။