၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

အများစုကတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်၊ ဧရာ၀တီတိုင်းနဲ့ ပဲခူးတိုင်းက နယ်မြေအချို့မှာ ပြုလုပ်လာနိုင်ဖွယ်ရှိပြီး စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားနိုင်သမျှနယ်မြေတွေမှာ ကျင်းပပြုလုပ်သွားမယ်လို့လည်းဆိုပါတယ်။ 

မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ၎င်းတို့အနိုင်ရဖို့လျာထားပြီး လွှတ်တော်အတွင်းရှိပြီးသားဖြစ်တဲ့ စစ်ကောင်စီကိုယ်စားလှယ် တွေနဲ့ပေါင်းပါက အစိုးရဖွဲ့နိုင်တဲ့ အနေအထားပဲဖြစ်ပါတယ်။

ဒါ့ကြောင့် နေရာတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြုလုပ်နိုင်အောင်ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို အမှာစကားပြောကြားစဉ် (ဓာတ်ပုံ UEC)

မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် ပုံမှန်အတိုင်းကျင်းပလေ့ရှိတဲ့ လာမည့် ၂၀၂၅ နိုဝင်ဘာတွင် လျာထားကာ အမျိုးသားလွှတ်တော်မှလွဲ၍ ကျန်လွှတ်တော် နှစ်ရပ်အတွက် PR စနစ်ကို ကျင့်သုံးမယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

စစ်ကောင်စီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက် ပွဲကို လတ်တလောမှာ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများက လက်မခံဘဲ သပိတ်မှောက်ဆန့်ကျင်ထားပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို စစ်ကောင်စီက ပြင်ဆင်ထားတာဟာ တစ်ဖက်သတ်ဆန်ပြီး၊ တခြားသက်ဆိုင်သူတွေကလည်း အတည်ပြုထားတာမျိုး မဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ တော်လှန်ရေးအဖွဲ့တွေက လုံး၀လက်ခံအသိအမှတ်ပြုသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုတော့ လတ်တလောမှာ တရုတ်နဲ့ရုရှားနိုင်ငံကသာ အသိအမှတ်ပြုထောက်ခံထားပြီး အကူအညီအချို့လည်း ပေးအပ်မယ်လို့ ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ နေရာမှန်သမျှမှာ ကျင်းပသွားမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုပြီး အခုနှစ် အောက်တိုဘာလက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူထားပြီးဖြစ်ပါတယ်

0 Shares:
You May Also Like
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၇၀၃ (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။